12.9.09

နှုတ်ဆက်ခြင်း


ကြည်စင်လှပ
အိပ်မက်တစ်ခုမှ
အချစ်ကိုတွေ့
ရင်ထဲမမေ့ပြီ..။
တစ်သက်တစ်ချစ်
တစ်မေတ္တာလို
ဘဝအတွက်
သတ်မှတ်ထားလည်း
လောကဆရာ
ကံကြမ္မာကြောင့်
(မင်းနဲ့တို့တွေ)
ကံခေခဲ့ပြီ..။
နှလုံးသားထဲ
စွဲမြဲခဲ့လည်း
ပေါင်းစည်းမဖြစ်
အခြေအနေသစ်ကြောင့်
(ချစ်လျက်နှင့်ပင်)
အဆက်ဖြတ်ခဲ့ရပြီ...

တကယ်ဆိုရင် အချစ်ဆိုတာ သေချာတာတော့ဘဝနဲ့ တခြားဆီဘဲ အရာရာရင်ဆိုင်သွားချင်လည်း စိတ်ကူးထဲကလောက်မလွယ်ဘူး..ယုံကြည်မျှော်လင့်ခြင်းတွေလည်း
တကယ်တမ်း လက်တွေ့တော့မလွယ်ဘူး...


ဒီကဗျာလေးက နောက်ဆုံးကဗျာလေးဖြစ်မှာပါ...နောက်ဆိုရင် ချစ်သူသို့ဆိုပြီးကဗျာလေးတွေ
ရေးဖြစ် တော့မှာမဟုတ်ပါဘူး..ဘလော့လေးကိုတော့ အမှတ်တရအဖြစ်ရှိနေဦးမှာပါ..
မမဝါရဲ့တက်ပို့ကိုမရေးနိုင်တဲ့အတွက်ခွင့်လွှတ်ပေးပါနော်..အရာရာအားလုံးကိုပြည်ဖုံး
ကားချချင်လို့ပါ...အရာရာအားလုံးကပြီးဆုံးခဲ့ပါပြီ..

7.9.09

သီချင်း

4.9.09

ချစ်သူသို့(၁၀)



ချစ်သူ....
ချစ်သူတွေဆိုတာ အရင်းနှီးဆုံး
နှလုံးသားတစ်စုံ..
ရင်ခုန်သံခြင်း ထပ်တူညီသူနှစ်ဦး
ခံယူချက် သဘောထားခြင်း
တိုက်ဆိုင် နားလည်သူနှစ်ဦး
သံယောဇဉ် တွေနဲ့
တစ်ဦးကိုတစ်ဦး ချည်နှောင်
ရစ်ပတ်ထားသူနှစ်ဦး
ချစ်သူဆိုတာ
ချစ်နေယုံနဲ့မပြီးသေးပါဘူး
တစ်ယောက်ကိုတစ်ယောက်
ယုံကြည်နားလည်ပြီး
သစ္စာရှိကိုဖို့သာလိုပါတယ်
ချစ်သူနဲ့
ဘယ်လောက်ဘဲ ဝေးနေပါစေ
ရင်ထဲကချစ်နေဖို့ကသာအဓိကပါ..
တစ်ယောက် တစ်နေရာ
ရှိနေခဲ့ပေမယ့်လည်း
စိတ်ထဲမှာ အမြဲရှိနေခဲ့တာပါ.
အနေဝေးနေခဲ့ပေမယ့်လည်း
စိတ်ချင်းကတော့
အမြဲနီးနေခဲ့တာကိုတော့
ထပ်တူကျတဲ့နှလုံးသားတစ်စုံက
သက်သေပါ..


(5-9-09) တစ်နှစ်နဲ့ခြောက်လပြည့်အမှတ်တရလေးပါ...