30.4.09

ဘ၀မှန်


ကြယ်တစ်ပွင့်ကြွေတော့ကောင်းကင်မှာ
ဘာများဆုံးရှုံးသွားလို့လဲ
ဒါပေမယ့်ကြယ်ကလေးအတွက်တော့
တစ်ဘ၀လုံးပါပဲ။
ညဉ့်ငှက်တွေအော်တော့
နမိတ်မကောင်းဘူးတဲ့
ကိုယ်ကတော့ရယ်ချင်တယ်
ဘ၀ဆိုတာကိုက ကိုယ့်အတွက်
အိပ်မက်ဆိုးလေ.....
ဒီလိုပါပဲ
တခါတလေများပျောက်ဆုံးနေလိုက်တာ
ကိုယ့်ကိုကိုယ်တောင်ရှာမတွေ့တော့ဘူး။

28.4.09

အချစ်



တီတီတီ….
ဟယ်လို….
သက်ထား…. ငါ့နင်ကိုချစ်တယ်….
ငါမှနင့်ကိုမချစ်တာမိုးဝေ…..ငါ့မှာငါအရမ်းချစ်ရတဲ့ချစ်သူရှိတယ်….
နင်သိရဲ့သားနဲ့…

အေးလေ….နင်ပြောတော့..သူကနင့်တစ်ယောက်ထဲ
ချစ်တာမဟုတ်ဘူးဆို….
နင့်အပြင်ကောင်မလေးတစ်ယောက်ရှိသေးတယ်ဆို..
အဲဒီအတွက်နင်ခံစားနေရတယ်ဆို…

အေးလေ…အဲဒီအတွက်ခံစားနေရတယ်ဘဲပြောတာလေ…
သူ့ကိုမချစ်ဘူးပြောတာမှမဟုတ်တာ…

သက်ထားငါ့နင့်ကိုလက်ထပ်ချင်တယ်ဟာ…နင်နဲ့ဘဝတစ်ခုတည်ဆောက်ချင်တယ်…
.ငါကနင်တစ်ယောက်ထဲကိုဘဲစွဲစွဲမြဲမြဲချစ်ခဲ့တာ..အခုမှချစ်တာလဲမဟုတ်ဘူး
နင်သိသားနဲ့..ငါ့ရဲ့အချစ်နဲ့နင်စိတ်ချမ်းသာစေရမယ်ဟာ….

နင့်ကိုမချစ်တဲ့မိန်းမတစ်ယောက်ကိုနင်လက်ထပ်ရဲတယ်ဟုတ်လား…
တစ်ခြားတစ်ယောက်ကိုချစ်နေပါတယ်ဆိုတဲ့မိန်းမတစ်ယောက်ကိုနင်
ဘယ်လိုသတ္တိမျိုးနဲ့လက်ထပ်ရဲတာလဲ…

မဟုတ်ဘူးလေဟာ…ဘယ်သူမဆိုတော့ကိုချစ်,သူချစ်ကိုတော့လက်ထပ်ချင်တာဘဲပေါ့…
ကံပေါ်မှာလည်းမူတည်သေးတယ်ဟ…ငါကံကနင့်ကိုချစ်မိတော့..မပြောတတ်ဘူးဟာ..
ငါချစ်တဲ့သူနဲလက်ထပ်ချင်တယ်ဟာ…နင်ငါ့ကိုမချစ်နိုင်လဲ…ငါကချစ်တဲ့သူကိုရတယ်ဟာ…
နင်ငါ့ကိုဘယ်လောက်မချစ်ဘူးပြောပြော…ငါနင့်ကိုအရမ်းချစ်တဲ့အတွက်…
ကြာလာတော့လည်းသံယောဇဉ်ဖြစ်လာမှာဘဲလေ…အချိန်တော့စောင့်ရမှာပေါ့…
နင်ငါ့ကိုသံယောဇဉ်ရှိတယ်ဆိုရုံလောက်နဲ့ငါရောင့်ရဲတင်းတိမ်နိုင်ပါတယ်ဟာ.
.နင့်ကိုင့ါအချစ်တွေနဲ့စောင့်ရှောက်နိုင်ခွင့်ရရင် ငါကျေနပ်နိုင်ပါတယ်ဟာ…
ငါ့ကိုလက်ထပ်ခွင့်ပြုပါ…..
ဟိုးအရင်တုန်းကလည်းငါပြောတာကိုဘယ်တော့မှမယုံဘူး…
ငါ့ကိုလာမနောက်နဲ့ဘဲနင်ပြောတယ်…ငါကအတည်ပြောတာပါဆိုတော့လည်း….
လက်မခံဘူး…နင့်စိတ်ထဲမှာ…နောက်တာဘဲဖြစ်စေချင်တာလား…

နင်မှားနေပြီမိုးဝေ ငါတို့နှစ်ယောက်ကြားမှာအဓိကပြသာနာကယုံတာမယုံတာမဟုတ်ဘူးလေ
ငါနင့်ကိုမချစ်နိုင်တာလေ… နင့်ကိုယုံလို့ပြန်ချစ်မှာမှမဟုတ်တာမိုးဝေရာ…

အေးလေ..ဒါပေမဲ့…ယုံတော့ယုံပေးပါဟာ..မယုံတော့ငါပိုခံစားရတယ်ဟ….
ငါပြောတာကိုလက်ခံလား…

အေးလက်ခံတယ်…
ဟာမဟုတ်ဘူးလေဟာသက်ထား…..ငါ ပြောတာကငါနင့်ကိုလက်ထပ်ချင်တာကိုလက်ခံခိုင်းတာ…
ငါကြိုးစားမယ်..နင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင်…ချစ်ပြီးမှတော
့ပိုင်ဆိုင်ချင်တာသဘာဝလေဟာ….
နင်မချစ်လဲငါနင့်ကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားမယ်….

ဟင့်အင်းငါနင့်ကိုမချစ်ဘူး…နင်ငါ့ကိုချစ်တယ်ဆိုတာကိုတော့ငါယုံပေးလို့ရတယ်….
တော်ပြီဟာမိုးဝေ ဒါဘဲငါဖုန်းချတော့မယ်…

တီတီတီ…..

23.4.09

ခွင့်လွှတ်နေမယ့်သူ


ချစ်သူ....
တခဏတာလေး တွေ့ရပေမယ့်
တစ်ဘ၀စာ မင်းကိုငါ.. ချစ်ခဲ့တယ်။
ချစ်သူ.....
မင်းနှုတ်ကပြောတဲ့စကား
အားလုံးကို အဟုတ်ထင်ပြီး ငါ... ယုံခဲ့တယ်။
ချစ်သူ....
မင်းရဲ့ကြင်နာမှုတွေကို
ကလေးတယောက်လိုငါ.. စွဲလန်းခဲ့တယ်။
ချစ်သူ.....
မင်းနှုတ်ကစကား
ကြင်နာမှုတွေအားလုံးဟာ
အမှန်တွေမှ ဟုတ်ရဲ့လားလို့ ငါ.. သံသယ၀င်ခဲ့တယ်။
ဒါပေမယ့် ချစ်သူ
အရာအားလုံးဟာ
လိမ်ညာမှုတွေဖြစ်ခဲ့ရင်တောင်
မင်းကိုချစ်တဲ့စိတ်တခုကြောင့်
နှလုံးသားမှာ
ဒဏ်ဖြစ်လဲ ငါ.... ကျေနပ်တယ်။

ခံစားနေရတဲ့ဝေဒနာနဲ့ကွက်တိဖြစ်တဲ့ကဗျာလေးကိုပေးတဲ့ blog အကို ကိုကျေးဇူးများကြီးတင်ပါတယ်...

22.4.09

ငြိမ်းချမ်းရေး ကြော်ငြာစာတမ်း


ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝပါကွယ်။

စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတော့ ...
ရင်ထဲက
တသသ နာလွန်းတယ်။

မခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု

စိုးရိမ်ပူပန်မှုတွေ က...
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲကွယ်။

အချစ်ရယ်...
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်...
နင်လည်း .. နာ ၊ ငါလည်း ..နာ
နင်လည်းလွမ်း ... ငါလည်း လွမ်း
နင်လည်း ...ငို၊ ငါလည်း...ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။

ချစ်သူ အချင်းချင်း
တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ။

မုန်းမေ့လို့ မရကြမယ့် အတူတူ
( စစ်မဖြစ်ကြေး )
ဟော့ဒီ အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး)
နင့်ကို ...ပေးလိုက်ပါရစေ။

နေ့လည်း... လွမ်း ၊ ညလည်း ...လွမ်း
မျက်ရည်တစမ်းစမ်း နဲ့
ရန်ဖြစ်ပြီးမှ၊ ပြန်နမ်းမိတဲ့ ...အနမ်း
ငါ့ရင်ထဲ
ပိုလွမ်းသွားရပြန်ပြီကွယ်။

မောင်လှမျိုး(ချင်းချောင်းခြံ)

18.4.09

ခံစားချက်(၂)


ရင်ထဲမှာ....
ဘာမှမခံစားရအောင် နေရတာဟာ
ခံစားနေရတာထက်ဆိုးတယ်......

14.4.09

အမှန်



သူကလည်းအမှန် ကိုယ်ကလည်း အမှန်
အမှန် ၂ ခုထိပ်တိုက်တွေ့လို့
မာနခြင်းပြိုင် ရင်ဆိုင်တဲ့ပွဲမှာ
နှစ်လရှည်ကြာ ရှိခဲ့ပါသည့်
သံယောဇဉ်........
မပြတ်ချင်လဲ ဖြတ်ခဲ့ရပြီ
အကြိမ်ပေါင်းများစွာ အရှုံးကြားမှာ
မနေနိုင်တော့လို့ ပေါက်ကွဲမိတဲ့ အတိုင်းအတာက
မိနစ်ပိုင်းလေးပါ......... ..
ပြတ်တောက်သွားတဲ့ သံယောဇဉ်ကြောင့်
ခံရမှာတော့ တစ်ဘ၀စာလောက်ရှိပါရဲ့..... .

13.4.09

ချစ်သူသို့(၄)


ချစ်သူ….
သစ္စာတရားဆိုတာ
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
မှန်နေတဲ့ အမှန်တရားတစ်ခု မဟုတ်လား.. ..

ဒါဆို..
မှန်ကန်တဲ့ သစ္စာတစ်ပုဒ်
ချစ်သူ.. ကို ပြောပြမယ်နော်...

တနေ့ တနေ့ ..
ဘယ်အချိန်မှာမှ ဆုံဆည်းရမယ်မသိတဲ့
ချစ်သူကို မှန်းဆတမ်းတရင်း
မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေတာ သစ္စာတစ်ပုဒ်ပါ….။

မျှော်လင့်ချက်တွေ သိပ်မရှင်သန်စေဖို့ 
ပြောတတ်တဲ့ချစ်သူကို နားလည်မျှော်လင့်ရင်း
ချစ်မိနေတာလဲ သစ္စာတစ်ပုဒ်ပါ…..။

ပြန်ဆုံနိုင်မယ့်ကံကို တမ်းတရင်း
မျှော်လင့်ချက်ကင်းမဲ့စွာ. .
ဆုတောင်းစောင့်စားနေတာလည်း သစ္စာတစ်ပုဒ်ပါ ချစ်သူရယ်..။

ဒီသစ္စာတွေနဲ့ အတူ
ရယူလိုခြင်းကင်းပြီး
နားလည်ယုံကြည်ခြင်းများစွာဖြင့် ..
မျှော်လင့်ချက်မဲ့နေပေမယ့် လေးနက်တဲ့ချစ်ခြင်းတွေနဲ့ သစ္စာက
အဓိကသစ္စာတစ်ပုဒ်ပါ ..
ထာဝရ.. ခိုင်မြဲမယ့်အချစ်တွေနဲ့ 
သေတစ်ဖန်သက်တစ်ဆုံး..
နားလည်မှုကိုယ်စီနဲ့  ကြင်ကြင်နာနာ
မင်းအနားမှာနေခွင့်ရှိချင် တယ်.. ချစ်သူရယ်…

ဘယ်လောက်ပဲ အလည်တွေလွန်နေပါစေ..
တနေ့ နေ့  နွေးထွေးငြိမ်းချမ်းတဲ့ ဒီအိမ်ကလေးကိုတော့..
အလိုက်တသိနဲ့  ပြန်လာပေးပါ.. ချစ်သူရယ် ...
ဒီကောင်မလေး စောင့်မျှော်နေမှာပါ...

မုန်းလို့ ဝေးကွာသွားတာမဟုတ်ပါဘူး.. .
ကံကြမ္မာက တို့ နှစ်ယောက်ကို
ပေါင်းစည်းခွင့် မပေးခဲ့တာပါ...။
ရက်စက်တဲ့ ကံကြမ္မာကြောင့် မင်းနဲ့ တို့ 
ဝေးခဲ့ရပေမယ့်.. ကိုယ့်ရင်ထဲက
မင်းတစ်ယောက်ထဲပိုင်တဲ့
နေရာလေးတစ်ခုကိုတော့ မင်းကစိုးမိုးဆဲပါချစ်သူ.. .။

10.4.09

နားလည်နိုင်ပါ့မလား


အချစ်စစ်ဆိုတာ ပိုင်ဆိုင်ဖို့ မလိုဘူးတဲ့
ငယ်တုန်းအချိန်က မဖြစ်နိုင်တာတွေလို့ ထင်ခဲ့ပေမယ့်
လက်တွေ့ဆိုတဲ့ ဆရာက သင်ခဲ့ပြီလေ..

အခုတော့လဲ ဘယ်လိုမှ ဆုံဆည်းနိုင်တော့မှာ မဟုတ်ပေမယ့်
သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ရှိနေပေးချင်တုန်းပဲ
အဲ့ဒီလောက်ဆိုရင် ကျေနပ်ပါတယ်
နောက်ထပ် ဘာမှလဲ မလိုပါဘူး.. တောင်းဆိုဖို့လဲ စိတ်မကူးမိပါဘူး..

ကိုယ့်ကိစ္စရှိလာရင်လဲ အရင်ကလို ပြောပြချင်ပေမယ့် ပြောမထွက်တော့ဘူး
'သူငယ်ချင်း'ဆိုတာ 'ချစ်သ'ူမှ မဟုတ်ပဲနော်
ပြီးတော့..
တစ်ယောက်တည်းလဲ နေသားကျနေပြီပဲ...

ဒါပေမယ့်လေ
တခါတလေတော့လဲ..

အားကုန်ခန်းပြီး စိတ်တွေ သိပ်ပင်ပန်းတဲ့အခါ....
လူတွေရဲ့ အပြုအမူတွေကို ဒေါသထွက်မိတဲ့အခါ....
မျိုသိပ်ထားရတဲ့ ဝေဒနာတွေ ထွက်ပေါက်လိုတဲ့အခါ....
ရင်ထဲက အဖြစ်တွေကို လူတစ်ယောက်မှ ထုတ်မပြောချင်တဲ့အခါ....

လက်ပိုက်ကြည့်နေရတဲ့ အခြေအနေတို့ကို အားမရတဲ့အခါ....
မကြားချင်တဲ့ သတင်းဆိုးတွေ ရောက်လာတဲ့အခါ....
နံရံလေးဘက်ထဲမှာ ချောင်ပိတ်မိပြီး ပြေးပေါက်ရှာမတွေ့တဲ့အခါ....
ဟန်ဆောင်အပြုံးတွေကို ငြီးငွေ့လို့ ဘယ်သူနဲ့မှ ရင်မဆိုင်ချင်တော့တဲ့အခါ....

အဲ့ဒီ အချိန်အခါမျိုးတွေမှာ ....
ဒီနေ့လို နေ့မျိုးတွေမှာ....
ချစ်သူ့ ရင်ခွင်ထဲ တိုးဝင်ရင်း အားရပါးရ ရှိုက်ငိုချင်မိတယ်...

ခဏလေး..
ခဏလေးရယ်ပါ.....

ချစ်သူ
နားလည်နိုင်ပါ့မလား?

8.4.09

အိပ်စက်ခြင်း

ကြယ်လေးရဲ့ blog အကို ကိုကိုမောင် က အလိုချင်ဆုံးအရာဟာနှစ်သက်စွာ အိပ်စက်ခြင်းပါဘဲဆို လို့
တစ်ခါကဖတ်ထားဖူးတဲ့စာလေးကိုသတိရတာနဲ့တင်ပေးလိုက်ပါတယ်...အိပ်မက်လှလှမက်ပါစေအကို


လူတော်တော်များများဟာ ညဘက်အိပ်မပျော်တဲ့ရောဂါခံစားရတတ်ပါတယ် အဲဒီလိုအိပ်မပျော်တဲ့သူတွေအ

တွက် ဒီအကြံပြုချက်လေးတွေက အသုံးဝင်မယ်လို့ထင်ပါတယ်။

(၁)အိပ်ချိန်တွေကို အကြွေးမထားပါနဲ့။အိပ်ရေး ပျက်ခြင်းဟာ ဘီယာ အလွန်အကျွံသောက် သူတွေ လိုပဲသင့်

ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

(၂)နေ့ခင်းဘက်မှာ မိနစ်(၄၀)ခန့်အိပ်စက်အနားယူခြင်းဖြင့်အားအင်ပြည့်ဖြိုးပြီးအလုပ်အကိုင်တွေကိုအာရုံပို

စိုက်နိုင်ပါတယ်။

(၃)ကိုယ်ဝန်ဆောင်ကာလမှာအိပ်ချိန်ကိုပိုပြီးဂရုစိုက်သင့်ပါတယ်ဘယ်ဘက်ကိုစောင်အိပ်ခြင်းဖြင့်သင်နဲ့သင့်

ရင်သွေးငယ်တို့ရဲ့သွေးလည်ပတ်မှုကိုပိုမိုအားကောင်းစေပါတယ်။

(၄)အိပ်ချိန်နဲ့ကပ်ပြီးဗိုက်တင်းစေမယ့်အစာတွေမစားသင့်ပါဘူး။

(၅)ရေနွေးပူချိုးခြင်း၊aromatherapy၊တရားထိုင်ခြင်း၊ယောဂကျင်စဉ် ကျင့်ခြင်းစတာတွေ ကနှစ်ခြိုက်စွာ အိပ်

စက်နိုင်စေ ဖို့အထောက်အကူပြုပါတယ်။

(၆)အိပ်ခန်းဟာ အပူချိန်မျှတပြီး အလင်းရောင်တွေမ၀င်နိုင်အောင် ကာကွယ်ထားရပါမယ်။တီဗွီနဲ့ကွန်ပြူတာ

တွေကိုဝေးဝေးမှာထားရပါမယ်။

(၇)ပင်ပန်းတဲ့သူတွေဟာများများစာနိုင်ပြီးကိုယ်အလေးချိန်တက် တတ်ပါတယ်။အိပ်ရေးပျက်တဲ့သူတွေလည်း

ဒီလိုပါပဲ။တစ်နေ့ (၇)နာရီအိပ်သူ ဟာ(၈)နာရီအိပ်သူထက် ကယ်လိုရီ ၆%လောက်နေ့စဉ်ပိုစားတတ်ကြ

ပါတယ်။

(၈)မအိပ်ခင်မှာဆေး လိပ်မသောက် သင့်ပါဘူး။ဆေးလိပ်ဟာ ကဖင်းဓါတ်လိုပဲအိပ်ချင်စိတ် ကိုပျောက်ေ စ ပါ

တယ်။အကောင်းဆုံးကတော့လုံးဝဖြတ်လိုက်ပါ။

(၉)သင်လဲလျောင်းတွှဲအခါအစာအိမ်က အက်ဆစ်ေ တွကြောင့် Heart Burn ရတတ်ပါတယ်။ေ ခါင်း အုံးမြင်

မြင့်နဲ့အိပ်ရင်သက်သာပါတယ်။

(၁၀)အိပ်မပျော်ရင်တော့နံရံကိုကြောင်ကြည့်နေတာမျိုးမလုပ်ပါနဲ့။အိပ်ယာကထပြီးစာဖတ်၊တီဗွီ ကြည့်ပါ။ပင်

ပန်းလာမှ ပြန်အိပ်ပါ။

(၁၁)အရက်သောက်ရင်တော့မှောက်သွားမှာသေချာပါတယ်။ဒါပေမယ့် အိပ်ရေး၀၀ အိပ်ပျော်တာ မျိုးမဟုတ်

ပါဘူး။ဒါကြောင့်အိပ်ေ ပျာ်အောင် အရက်ေ သာက်တာမျိုးရှောင်သင့်ပါတယ် မအိပ်ခင်(၃)နာရီအတွင်းမ

သောက်သင့်ပါဘူး။

(၁၂)(၈)နာရီပြည့်အော င် အိပ်ပါ။(၆)နာရီပဲအိပ်လျှင်တော့ သွေးတိုးရောဂါခံစား ရဖို့အခွင်အလမ်း ၇၀% ပို

များပါသတဲ့။

(၁၃)နောက်တစ်နေ့အတွက် အလုပ် အစီ အစဉ်ေ တွကို နေ့လည် ကတည်း ကလုပ်ထားပါ။အိပ် ယာထဲ

ယူမလာပါနဲ့။

(၁၄)တစ်ယောက်တည်းစကားပြောတဲ့ကုထုံးကအိပ်မပျော်သူတွေအတွက်အထောက်အကူပြုပါသတဲ့ပြော

ကြည့်ပေါ့။

(၁၅)အိပ်ရေးဝတဲ့သူဟာ နှလုံးရာဂါ၊ဆီးချိုရောဂါနှင့်ကင်ဆာရောဂါတွေအဖြစ်နည်းပါသတဲ့။

(၁၆)ဘယ်လောက်ပဲပင်ပန်းပါစေ။ညနေ(၃)နာရီကျော်ရင်တော့ခဏတဖြုတ်အိပ်တာမျိုးမလုပ်သင့်ပါဘူး။

(၁၇)ထောပတ်သီးမှာပါတဲ့ Tryptophan ဆိုတဲ့ဓါတ်ပစ္စည်းက အိပ်ပျော်အောင်ကူညီပေးပါသတဲ့။ထောပတ်

သီးနေ့စဉ်စားကြပါစို့။

(၁၈)နေလယ်နှင်ညနေခင်းတွေမှာ ကိုယ်ကာယလေ့ကျင်းခန်းလုပ်ရင်ညဘက်ကောင်းကောင်းအိပ်ပျော်ပါ

သတဲ့။အိပ်ခါနီးမှတော့မလုပ်သင့်ပါဘူး။

(၁၉)ကိုယ်ဝန်ဆောင်ေ တွမှာတော့ ကာဗိုလ်ဟိုက်ဒြိတ်များ တဲ့ အစားအစာတွေကအိပ်ေ ပျာ်အောင် ကူညီ

နိုင်ပါသတဲ့။

(၂၀)အိပ်ယာကောင်းဖို့လည်းလိုပါသတဲ့။စိန်နှင်မြမှာသွားဝယ်ပေါ့။ဈေးတော့ကြီးတယ်။

(၂၁)အိပ်ဆေးတွေကိုသုံးမယ်ဆိုရင်တောင် (၅-၁၀) ရက်ထက်ပိုမသုံး သင့်ပါဘူးသ ဘာဝအတိုင်း အိပ်ပျော်

ရင်တော့အကောင်းဆုံးပေါ့။

နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ကြပါစေ။

တွဲလက်များ


တွဲလက်နှစ်ဖက်မှာ
ယုံကြည်မှုတွေ စီးဆင်းနေတယ်
ခိုင်မြဲမှုတွေ ရှင်သန်နေတယ်

လက်နှစ်ဖက်ခိုင်ခိုင်တွဲလို့
ဘ၀လမ်းဆုံးတဲ့ထိ
တူတူတွဲလျှောက်မယ်

ချစ်သူ...
မင်းလက်တွေသာ ခိုင်မြဲပါစေ
အောင်မြင်တဲ့အနာဂတ်ကို
ရောက်အောင်သွားမယ်….

6.4.09

ချစ်သူသို့(၃)



ငါအလျှော့ပေးမှန်းသိလို့
နင်အနိုင်လိုချင်တယ်
ငါခွင့်လွှတ်မှန်းသိတော့
နင်ဆိုးနွဲ့ချင်တယ်
ငါသိပ်ချစ်မှန်းသိတော့
နင်ထားခဲ့ချင်တယ်…

ချွတ်ချော်နေတဲ့လောကကြီးမှာ
နယူတန်ပြောတဲ့ တတိယမြောက်သီအိုရီအရ
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်တဲ့
ဒါပေမယ့်
အဲ့ဒီသီအိုရီကိုငါ့ချစ်သူက
သူ့ရဲ့အတ္တနဲ့မှားကြောင်းပြတယ်

အတ္တအရမ်းကြီးသောချစ်သူအတွက်အမှတ်တရ

2.4.09

မှားပြန်တယ်...



မှားပြန်တယ်....ထပ်ခါထပ်ခါမှားနေတယ်.. :(

ဝန်ခံခြင်း



ကြေကွဲတဲ့သီချင်းတွေကို
မင်းကြားအောင်မဆိုပြနိုင်တော့ဘူးပေါ့
ရှိုက်ရဖန်များလာလို့
အသားကျသွားတဲ့သက်ပြင်း
သူ့အတွက်နဲ့ပဲ
ကိုယ့်အသက်ရူသံတွေမွန်းကျပ်လာတယ်။
ကြယ်ချင်းတူတာတောင်
တောက်ပပုံချင်းမတူတဲ့ငါ့အတွက်
ကိုယ့်ဘ၀ကမှိန်ဖျော့နေတယ်
ကြွေလို့ရရင်
ကြွေခွင့်သာရရင်.........
ကြယ်ကလေးလည်းမဖြစ်ချင်တော့ပါဘူး။

ချစ်သူကသာခွင့်ပြုမယ်ဆိုရင်
ချောက်ကမ်းပါးဖြစ်နေလည်း
မျက်စိမှိတ်ပြီးလှမ်းလာမှာပါ
အခုတော့လမ်းကလေးကိုမြင်နေရက်နဲ့
နောက်ကိုချည်းပြန်လှည့်နေရတယ်

ပန်းပွင့်ကလေးတွေကို
ရေစီးမှာမျှောရင်း
ကိုယ်ဆုတောင်းခဲ့တယ်
................................
................................
................................
နောင်တစ်ချိန်မှာ
ဖြစ်လာခဲ့ရင်ပေါ့

မျှော်လင့်ချက်တွေပျက်တဲ့နေ့

ဘယ်လိုအရာတွေကနင့်ကိုငါနဲ့ဝေးစေတာလဲဟာ…လုံးဝမမျှော်လင့်ခဲ့ဘူးဟာ..ဒီလိုဝေးသွားလိမ့်မယ်လို့
ငါလိုချင်တာနင့်ရဲ့အပေါ်ယံအပြုံးတွေမဟုတ်ဘူး….နင့်ရဲ့ပကတိရိုးသားဖြူစင်တဲ့အပြုံးနဲ့နူးညံ့သိမ်မွေ့ပြီး
ချစ်ကြင်နာတတ်တဲ့နှလုံးသား…အရာရာကိုသည်းခံခွင့်လွှတ်နားလည်မှုပေါင်းများစွာနဲ့ကြိုနေမယ့်ရင်ခွင်တစ်စုံ.
.မြတ်နိုးကြင်နာခြင်းအပြည့်နဲ့ကမ်းလင့်မယ့်လက်တစ်စုံကိုပါ…
အရမ်းမျှော်လင့်ခဲ့တယ်..ရင်ခုန်သံချင်းထပ်တူကျခဲ့အတွက်သူလည်းဘဲပျှော်ရွှင်စွာမျှော်လင့်ခဲ့မှာဘဲလို့
ထင်ခဲ့တယ်…စိတ်ကူးလေးတွေယဉ်ခဲ့ကြတယ်…မျှော်လင့်ချက်တိုင်းမှာအနာဂတ်ဟာတောက်ပလို့ပေါ့  အဲ့ဒါတွေကအိပ်မက်တွေဆိုရင်ငါမနိုးထပါရစေနဲ့ချစ်သူ…အိမ်မက်ထဲမှာရှင်သန်ခွင့် ပေးပါ…
တကယ်တော့လောကကြီးမှာငါတစ်ယောက်ထဲပါ…
နင်ပေးခဲ့တဲ့အလွမ်းတွေကိုငါအမြတ်တနိုးသိမ်းထားမှာပါ..နောက်ဆုံးထွက်သက်အထိပေါ့....

သခင်သိပ့ါမလား....

ကြင်နာမှုထက်ပိုတဲ့
စာနာမှုတွေ

ချစ်ခြင်းထက်ခိုင်မြဲတဲ့
မေတ္တာတရားတွေ

တွယ်တာခြင်းထက်ပိုတဲ့
မြတ်နိုးခြင်းတွေ

နားလည်မှုထက်ပိုတဲ့
အလိုက်သိမှုတွေ

တန်ဖိုးတစ်ခုထက်ပိုတဲ့
လေးစားမှုတွေနဲ့

သခင့်အပါး
ခစားခွင့်မရှိရင်တောင်
ဟိုး အဝေးမှာပဲ
တိတ်တိတ်လေး နေမယ်...

ကိုယ့်နောက်ဆုံးထွက်သက်အထိပေါ့....

အရမ်းကြိုက်လို့ကူးထားမိတဲ့ကဗျာလေးပါ...ဘယ်blog ကမှန်းမမှတ်မိတော့လို့..link မပေးလိုက်ရပါဘူး...ခံစားချက်ခြင်းတစ်ထပ်တည်းဖြစ်နေလို့တင်ပေးလိုက်ပါတယ်...

1.4.09

မင်းမျက်ကွယ်ပြုတဲ့နောက်...


ရင်ခုန်သံအသေတွေ ဖြန့်ကျဲလို့
ငါလဲကျခဲ့ငါ့အိပ်ယာ တစ်မိုးလင်းလဲ
ငါ မိုးမသောက်နိုင်ခဲ့ဘူး။ အထီးကျန်မှု့နဲ့မှောင်တဲ့
ငါ့ညနေစံပါယ်တွေလည်းမမွှေးတော့ဘူး
ဇင်ယော်တွေလည်းမပျော်တော့ဘူး ဒီလိုနဲ့
မင်းမျက်ကွယ်ပြုတဲ့နောက်
ကြယ်တစ်စင်းမှမလင်းတဲ့ ငါ့ကောင်းကင်
လမ်းပျောက်သွားတာ မဆန်းတော့တယ်