22.4.09

ငြိမ်းချမ်းရေး ကြော်ငြာစာတမ်း


ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝပါကွယ်။

စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတော့ ...
ရင်ထဲက
တသသ နာလွန်းတယ်။

မခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု

စိုးရိမ်ပူပန်မှုတွေ က...
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲကွယ်။

အချစ်ရယ်...
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်...
နင်လည်း .. နာ ၊ ငါလည်း ..နာ
နင်လည်းလွမ်း ... ငါလည်း လွမ်း
နင်လည်း ...ငို၊ ငါလည်း...ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။

ချစ်သူ အချင်းချင်း
တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ။

မုန်းမေ့လို့ မရကြမယ့် အတူတူ
( စစ်မဖြစ်ကြေး )
ဟော့ဒီ အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး)
နင့်ကို ...ပေးလိုက်ပါရစေ။

နေ့လည်း... လွမ်း ၊ ညလည်း ...လွမ်း
မျက်ရည်တစမ်းစမ်း နဲ့
ရန်ဖြစ်ပြီးမှ၊ ပြန်နမ်းမိတဲ့ ...အနမ်း
ငါ့ရင်ထဲ
ပိုလွမ်းသွားရပြန်ပြီကွယ်။

မောင်လှမျိုး(ချင်းချောင်းခြံ)

6 comments:

mgnge said...

ကဗျာလေးက ကလည်းလန်းတယ်..။
ဟဲဟဲ အပြင်က ဇါတ်လမ်းကလည်း လန်းတယ်..။

ကြားထဲကနေတဲ့ မောင်လေး တောင်မျက်နှာပူလာ ပြီ..။
ကဲနေတယ်နော်..ဒီအမကတော့...။

စတာပါ...။
ပြန်လည်ငြိမ်းချမ်းပါစေဗျာ..။

တီချမ်း said...

http://prettywhitestar09.blogspot.com/2009/04/blog-post_22.html#comments

ကြယ် ရှင်လဲတော်တော်ကွဲနိုင်တယ်နော်
လာခဲ့ ကျုပ်ရဲ့ အသည်းကွဲဘုရင်မ သရဖူ ရှင့်ကိုလွှဲပေးမယ်
ဟဟဟ

အိုက်ခီလောက် said...

မကြီးရေ ကောင်းတယ် ကြိုက်တယ်
ချစ်သူတွေ ဘဝ လေး ကို
မကြီးလည်းရန်ဖြစ်ထားတယ်ထင်တယ်နော့
ခံစားမူပါမှ လေ
မကြီးက ခုတစ်လော ကွဲတာချည်း လွမ်းတာချည်းတင်နေတာဆိုတော့
ဆိုင်သူနဲ့ ရန်ဖြစ်ထားလို့ လား
မကြီးလည်းစိတ်မကောက်နဲ့ ပေါ့
ပြေပြေလည်လည်လုပ်ကျပါဗျာ
ဒါပေမယ့် ဒီကဗျာလေးကို ကြိုက်တယ်
မကြီးရေ ကျေးဇူးပါ

Welcome said...

ဖတ်လို့ကောင်းတဲ့ ကဗျာလေး ပြန်ဖော်ပြပေးလို့ ၀မ်းသာတယ်။ ပျော်ရွှင်ပါစေ ...

Anonymous said...

ကြယ်ရေ ..... ကွဲပြန်ပြီလား။ ညဖုန်းဆက်ပြီး ချော့မယ်နော်။ ရုံးဆင်းရင် ဆင်ကော်လာ ထပ်ပေးမယ်နော်။ တီချမ်းကိုပေးရ ကြယ့်ကိုပေးရနဲ့ ကြာရင် ဆင်ကော်ရောင်းတဲ့ တရုပ်ကြီးနဲ့ ရတော့မယ်နော်။ ဟဟ
စတာပါ။ အဆင်ပြေပျော်ရွှင်ပါစေနော်။

ခင်တဲ့
ရောင်

Anonymous said...

မျက်ရည်ကျတောင် လွမ်းနေသေးတယ်ဆိုတော့
တော်2 ချစ်တက်တာပဲ
မန်ဘာဝင်ရင်ကောင်းမယ်(တူနေလို့)