3.5.09

ဘောင်မ၀င်တဲ့ဘဝ


ဖြစ်ခဲ့ပြီးတာတွေလည်း
ဖြစ်ခဲ့ကြပြီးပြီ
အခုမှနောင်တရလို့ကောင်းနေတုန်း
ပင်လယ်ထဲသွန်ချခဲ့တဲ့အဆိပ်တွေကို
ပြန်ဖောက်ထုတ်လို့မရတော့သလို
ညစ်ပတ်စွန်းထင်းသွားတဲ့ ယုံကြည်မှုတွေလည်း
ပြန်ကောက်သုတ်လို့မရတော့ပါဘူး
ဒါပေမယ့်ပေါ့
အရာရာဟာပြောင်းလဲနေသလို
အဲဒီယုံကြည်မှုတွေကလည်း ပြောင်းလဲနေဦးမှာပါပဲ
ကျယ်လောင်လွန်းတဲ့
ဒါဏ်ရာထဲကသွေးစီးသံလို
စီးနေတဲ့ပင်လယ်ရဲ့အသံကိုနားထောင်ရင်း
လရဲ့အောက်ဘက်မိုင်အဝေးမှာ
ငါ ....တုန်လှုပ်နေရတယ်။
ဘယ်လောက်ပဲကြာကြာ
ဒါဏ်ရာကကျက်မသွားပါဘူး
အခုအချိန်ကစလို့
ဒါဏ်ရာတွေကိုဘယ်တော့မှလည်းမေ့နိုင်မှာလည်းမဟုတ်ဘူး
နာကျင်မှုတွေကိုမှတ်မိသတိရစရာ
သီးသန့်ဘာသာစကားတစ်ခု..
ဖန်တီးမိခဲ့ပြီးပြီ။။

12 comments:

kokomaung said...

ညီမ
နာကျင်မှုကို မေ့ပျောက်ပစ်နိုင်တဲ့ ဘာသာစကားကိုကော မဖန်တီးသေးဘူးလား ညီမ။

ဖိုးစိန် said...

သီးသန့်ဘာသာစကားတစ်ခုတဲ့လား
အဲဒါလဲ အချစ်နဲ့ကင်းအုံးမှာမဟုတ်ဘူးနော်
ကဗျာလေးကအရမ်းကောင်းတယ်

reenoemann said...

ကဗျာလေး အဖြစ်သာ တည်ရှိပါစေ
ကြယ်ဖြူစင် ညီမလေး ရေ.......

ညီမလေး ကိုယ်တိုင် ကဗျာလေးအတိုင်း
မခံစားရပါစေနဲ့ လို့ကိုယ် ဆုတောင်းပေးပါတယ်။

ဖန်တီးထားတဲ့ သီးသန့် ဘာသာစကားလေးကို
လည်း အသုံးတည့်အောင် လည်းလုပ်အုံးနော်။

တစ်ယောက်တည်း ထိုင်ပြောမနေနဲ့အုံး။

စကားမဆပ် ဖြူစင် ဘလော့ဂ် မှာတင်ထားတဲ့
သီချင်းနှစ်ပုဒ်လုံးကောင်းတယ်ဗျာ။

ခုလို လွမ်းနေတဲ့အချိန်မှာ ထိတယ် Heart ကို။

ခင်တဲ့
Ree Noe

အိုက်ခီလောက် said...

ဘာပြောရမှန်းကိုမသိတာ မလတ်ရ
ကောင်းတာတော့သေချာတယ်
ပြောလိုက်ရင်ပေါ့သွားမှာစိုးလို့ 
ဒီတိုင်းလေး ခံစားသွားတယ်
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကလည်း
နာဂစ် မွှေသွားတာ
မလတ် လည်း နာဂစ် မွှေသွားပြီလားလို့ 

mgnge said...

ဟူးးးးးးးးးးးးးးးးးးးးးးးးးး

မကုန်နိုင်သေးဘူးလား အလွမ်းတွေ

မေတ္တာရောင်ပြန် said...

ဒါဏ်ရာထဲကသွေးစီးသံလို
စီးနေတဲ့ပင်လယ်ရဲ့အသံကိုနားထောင်ရင်း
လရဲ့အောက်ဘက်မိုင်အဝေးမှာ
ငါ....တုန်လှုပ်နေရတယ်။

ဒီအပိုဒ်လေးကို အရမ်းကြိုက်တယ် ကြယ်။ ဖြစ်နိုင်ရင် အားလုံးကို မေ့ထားလိုက်ချင်တယ်။ ဒီလောက်ကြယ်တဲ့ ပင်လယ်ထဲက အဆိပ်ကို ပြန်ဖောက်ထုပ်လို့ရင် ထုပ်ပြစ်ချင်တယ်။

အလွမ်းများ အမြန်ကင်းဝေးနိုင်ပါစေ။

ချစ်သူငယ်ချင်း
ရောင်

နေညိုရင့် said...

နာကျင်မှု ဒဏ်ရာတွေအတွက်
ဖန်တီးခဲ့တဲ့ သီးသန့် ဘာသာစကား
အကြိမ်ကြိမ် မဟုတ်ခဲ့ရင်တောင်
တကြိမ်တခါတော့ ရွတ်ဆိုခဲ့ဖူးပေမယ့်
အချိန်တွေသာ ကြာညောင်းခဲ့လဲ
ဒီမှတ်ညဏ်တွေက ကောင်းလွန်းနေလို့ လား
ယုံကြည်မှုတွေကပဲ ဟောင်းနွမ်းနေတာလား
ဒါပေမယ့်လဲ
သေချာတာ တခုက
ငါ့ဝတ်ရုံကို ငါကိုယ်တိုင် နေ့ တိုင်းဆေးခဲ့တာပါပဲ။

star said...

အမ ရေ အလွမ်း များငြိမ်းပါစေဗျာ...

ဖြိုးဇာနည် said...

လရဲ့အောက်ဘက်မိုင်အဝေးမှာ
ငါ ....တုန်လှုပ်နေရတယ်။
အှစ်သာရပြည့်ဝစွာနဲ့အဓိပ္ပာယ်
အများကြီးပါနေတဲ့စာကြောင်းလေးပါနော့်

အဟုတ်ကိုပဲဆုတောင်းပေးလိုက်ပါရဲ့ဗျာ့
starလိုပါပဲ
ချစ်အလွမ်းများငြိမ်းစေသတည်း

မိုးခါး said...

မကြယ်ရ
အလွမ်းတွေနဲ့ ဝေးပါစေနော် ..
ပျော်ရွှင်ပါစေး)

မိုးစက်အိမ် said...

နာကျင်မှုတွေကိုမှတ်မိသတိရစရာ
သီးသန့်ဘာသာစကားတစ်ခု..
ဖန်တီးမိခဲ့ပြီးပြီ
အဲဒိစာသား လေးကောင်းတယ်ဗျာ...
အလွမ်း ဆိုတာနဲ. လည်းဝေးပါစေဗျာ...

ဂျပန်ကောင်လေး said...

အချစ်ဒဏ်ရာလို့ မှတ်ပါတယ်... အဲဒိအနာကတော့ ကျက်ဖို့မလွယ်ဘူးနော်..း( တကယ်ကို တဆစ်ဆစ်ခံစားနေရတယ်..