18.1.10

အမှတ်တရ

23.11.09

လက်ဆောင်ကဗျာ


ဆောင်းစက်ပျို နန်းတော်ရာမှာ
" ပန်းမဉ္ဖူ " ယွန်းယွန်းဟာ ကဗျာကိုသွန်းတဲ့ 
နှစ်ချို့ ရာဇ၀င်များကိုတူးဖော်ရင်း
" စင်ဒရဲလား " ' က ' ကြိုး ' က ' ကွက်များနဲ့ 
အာရုံဦးသူရဲကောင်းကို ဗျက်စောင်းတစ်လက်နဲ့ ကြိုဆိုတယ် . . . . .

ကနုတ်တစ်ချက်ရဲ့ စုတ်ချက်တွေမှာ
အက္ခရာတွေ အစီအရီ ဖြန့် ကျဲထားတယ်
ရှေးဟောင်းရင်ဘတ်ရဲ့  " လှို့ ဝှက်ကျောက်စာ " ဟာ
အက်ကြောင်းရာကြောင့် တန်ဖိုးအားဖြင့်လျော့မသွားဘူး . . . . .

တစ်ခြမ်းပဲ့ ဝတ်မှုန်လေး လွင့်မျောမသွားဖို့ 
ကဗျည်းဖြူ ပိတ်ရောင်ပါးပါးမှာ
စကြာဝဋ္ဌာ ရဲ့  အမြင့်ဆုံးလမ်းကိုဖောက်
သံလွင်ခက်ကိုဆောင်းရင်း မိုးမလင်းခင်အိမ်မက်ချိုချိုမှာ
ပထမတန်းစား အချစ်သူရဲကောင်းတံဆိပ်တွေ အခါခါရခဲ့ တယ် . . . . .

အညောင်းမိနှလုံးသားရဲ့ ခံစားမှုသိုက်စာမှာ
' ရေ ' ' မြေ ' ' နေ ' ' လ ' တွေကွယ်ပျောက်နေပေမဲ့ 
" ကြယ် "တစ်လုံးရဲ့  အ" ဖြူ " ရောင်သစ္စာမှာတော့ " စင် " ကြယ်တဲ့ 
သမုဒ္ဒရ ၀ိရောဓိလေးများဟာ မှိတ်တုတ် မှိတ်တုတ် လင်းလက်လျက် . . . . .

ဆည်းဆာဝင်ရိုး စောင်းကြိုးနက်ချိန်
သိုးဆောင်းတစ်လက်ရဲ့  " ဧ က ရီ စာ " လွမ်းချင်းမှာ
ကြည်နူးဖူးတဲ့  လမ်းအိုဟောင်းလေးပါခဲ့ ဖူးတယ်
မဟူရာညမှာ မှည့်တဲ့  အလင်းနှစ်သန်းပေါင်းများစွာဟာ
မိုးသောက် သောင်ပြင်မှာ ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ် သီကြူးနေတယ် . . . . .

လွင်တီးခေါင်ပြင်က အလွမ်းတယောသံအဆုံး
ဂီတာ တစ်လက် ကြိုးပြတ်သွားသလို
အမြဲစိမ်းဂီတ ရဲ့  ကာရန်မဲ့  ယဉ်ကျေးမှုမှာ
မြို့ ဟောင်းတစ်လက် ပုံမပျက်ရှိခဲ့ တယ်
" လေရူးသုန်သုန် " မှာ" ဗီးနပ်(စ်) " ပေးတဲ့  အဖြူရောင်တောင်ပံတစ်စုံဟာ
" ဂျူးလိယက် " အတွက် စွယ်တော်ပင်ရိပ်အိုက " လ၀န်းပျို " ဖြစ်ပါစေ . . . . .

ဘလော့လောကမှ အနားယူသွားသော အမကြယ်ဖြူစင် က မွေးနေ့ လက်ဆောင်ကဗျာပေးပါရန်တောင်း
ဆို လာသဖြင့်အတတ်နိုင်ဆုံးရေးဖွဲ့ ပေးလိုက်ပါတယ် . . . . . ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေခင်ဗျာ


မောင်လေးမိုးစက်အိမ်ရဲ့မွေးနေ့လက်ဆောင်ကဗျာလေးကို အရမ်းကြိုက်လို့ ဘလော့မှာတင်လိုက်တာပါ..

12.9.09

နှုတ်ဆက်ခြင်း


ကြည်စင်လှပ
အိပ်မက်တစ်ခုမှ
အချစ်ကိုတွေ့
ရင်ထဲမမေ့ပြီ..။
တစ်သက်တစ်ချစ်
တစ်မေတ္တာလို
ဘဝအတွက်
သတ်မှတ်ထားလည်း
လောကဆရာ
ကံကြမ္မာကြောင့်
(မင်းနဲ့တို့တွေ)
ကံခေခဲ့ပြီ..။
နှလုံးသားထဲ
စွဲမြဲခဲ့လည်း
ပေါင်းစည်းမဖြစ်
အခြေအနေသစ်ကြောင့်
(ချစ်လျက်နှင့်ပင်)
အဆက်ဖြတ်ခဲ့ရပြီ...

တကယ်ဆိုရင် အချစ်ဆိုတာ သေချာတာတော့ဘဝနဲ့ တခြားဆီဘဲ အရာရာရင်ဆိုင်သွားချင်လည်း စိတ်ကူးထဲကလောက်မလွယ်ဘူး..ယုံကြည်မျှော်လင့်ခြင်းတွေလည်း
တကယ်တမ်း လက်တွေ့တော့မလွယ်ဘူး...


ဒီကဗျာလေးက နောက်ဆုံးကဗျာလေးဖြစ်မှာပါ...နောက်ဆိုရင် ချစ်သူသို့ဆိုပြီးကဗျာလေးတွေ
ရေးဖြစ် တော့မှာမဟုတ်ပါဘူး..ဘလော့လေးကိုတော့ အမှတ်တရအဖြစ်ရှိနေဦးမှာပါ..
မမဝါရဲ့တက်ပို့ကိုမရေးနိုင်တဲ့အတွက်ခွင့်လွှတ်ပေးပါနော်..အရာရာအားလုံးကိုပြည်ဖုံး
ကားချချင်လို့ပါ...အရာရာအားလုံးကပြီးဆုံးခဲ့ပါပြီ..

7.9.09

သီချင်း

4.9.09

ချစ်သူသို့(၁၀)



ချစ်သူ....
ချစ်သူတွေဆိုတာ အရင်းနှီးဆုံး
နှလုံးသားတစ်စုံ..
ရင်ခုန်သံခြင်း ထပ်တူညီသူနှစ်ဦး
ခံယူချက် သဘောထားခြင်း
တိုက်ဆိုင် နားလည်သူနှစ်ဦး
သံယောဇဉ် တွေနဲ့
တစ်ဦးကိုတစ်ဦး ချည်နှောင်
ရစ်ပတ်ထားသူနှစ်ဦး
ချစ်သူဆိုတာ
ချစ်နေယုံနဲ့မပြီးသေးပါဘူး
တစ်ယောက်ကိုတစ်ယောက်
ယုံကြည်နားလည်ပြီး
သစ္စာရှိကိုဖို့သာလိုပါတယ်
ချစ်သူနဲ့
ဘယ်လောက်ဘဲ ဝေးနေပါစေ
ရင်ထဲကချစ်နေဖို့ကသာအဓိကပါ..
တစ်ယောက် တစ်နေရာ
ရှိနေခဲ့ပေမယ့်လည်း
စိတ်ထဲမှာ အမြဲရှိနေခဲ့တာပါ.
အနေဝေးနေခဲ့ပေမယ့်လည်း
စိတ်ချင်းကတော့
အမြဲနီးနေခဲ့တာကိုတော့
ထပ်တူကျတဲ့နှလုံးသားတစ်စုံက
သက်သေပါ..


(5-9-09) တစ်နှစ်နဲ့ခြောက်လပြည့်အမှတ်တရလေးပါ...

18.8.09

ချစ်သူသို့(၉)


ချစ်သူ
အရင်တုန်းကတော့ အချစ်ဆိုတာဘဝရဲ့အစိတ်အပိုင်းသေးသေးလေးတစ်ခုပါဘဲလို့
ကြွေးကြော်တတ်တဲ့ကျွန်မ ရှင့်ကိုလွမ်းတတ်နေပြီ။
တစ်ယောက်ထဲနေရတဲ့ဘ၀မှာတွယ်တာစရာအဖော်ဆိုလို့ ရှင်ဝယ်ပေးခဲ့တဲ့မွေးပွရုပ်လေးနှစ်ရုပ်ရယ်၊
ခပ်စုတ်စုတ်ကွန်ပျူတာလေးတစ်လုံးရယ်၊
ချစ်သူတားမြစ်ထားတဲ့ ကော်ဖီခွက်လေးရယ်၊ ...
ကျွန်မအတွက် အိပ်ပျက်ညတွေရယ် ...
ချစ်သူကိုလွမ်းနေတဲ့အလွမ်းတွေရယ်
လွမ်းတိုင်းရေးဖြစ်တဲ့ ကဗျာအပိုင်းအစတွေရယ် ပဲ ရှိတော့တယ် ချစ်သူ...။
မှောင်မိုက်နေတဲ့အခန်းကျဉ်းလေးထဲမှာ
ချစ်သူဓါတ်ပုံကိုကြည့်ရင်း
အချစ်ဆိုတာဘဝရဲ့အစိတ်အပိုင်းသေးသေးလေးပါလို့.
ယုံကြည်မှုကင်းမဲ့တဲ့အသံနဲ့ ခပ်တိုးတိုးရေရွတ်ရင်း
ခပ်ပြင်းပြင်းကော်ဖီကို တရှိုက်မက်မက်သောက်ရင်း
နင့်နင့်သည်းသည်းလွမ်းနေတယ်ချစ်သူ.....

17.8.09

နှစ်ယောက်တစ်အိမ်မက်


နှစ်ယောက်တစ်အိမ်မက်မှာ
ပျော်ရွှင်မှုတွေရှိသလို
ဝမ်းနည်းမှုတွေရှိမယ်
စွန့်လွှတ်ခြင်းတွေရှိမယ်
အနစ်နာခံခြင်းတွေရှိမယ်
ကြည်နူးမှုတွေရှိသလို
စိတ်ညစ်ညူးမှုတွေရှိမယ်
တောင်တန်းတွေရှိသလို
ချိုင်ဝှမ်းတွေလည်းရှိမယ်
ကန္တာရတွေပါသလို
အိုအေစစ်တွေလည်းရှိမှာပါ..ကို။
အိပ်မက်ခရီးကြမ်း နှစ်ယောက်တွဲ
လျှောက်စဉ်မှာလဲ
ဘေးနားကမခွဲ တွဲကူမယ့်သူပါ ..ကို။
အိပ်မက်ဆိုးကလန့်နိုးရင်လည်း
မောပန်းနေတဲ့ ရင်ကိုငြိမ်းစေဖို့
ရေတခွက်ကမ်းပေး..အေးစေမယ့်သူပါ...ကို။

30.7.09

စံပြုလောက်တဲ့ အိမ်ထောင်ရေး

ond150/s1600-h/1948435uezt6x36gj.png">

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. .
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..

1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန် လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။

2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ အလေးအနက်ထား အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊ အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက် အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့ သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။ သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့် မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။ ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့် ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ သဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး ရှိရမှာပေါ့နော်။

ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်
အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့

ကဲ . .. အားလုံးပဲ ကိုယ့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်


Forward Mail ကနေရတာပါ..သူငယ်ချင်းများကိုမျှဝေချင်လို့တင်ပေးလိုက်တာပါ..

27.7.09

ခံစားချက် (၄)



အပ်တစ်ထောက်စာဒဏ်ရာလေးဆိုပေမယ့်

ဆပ်ပြာဘူပေါင်းအတွက်တော့ ကမ္ဘာပျက်တာပဲ . . .



“မင်းခိုက်စိုးစန်”

3.7.09

ဆန္ဒ(၁)

26.6.09

ဆန္ဒ

အပေါ့ပါးဆုံးတိမ်မျှင်တွေထက်
ငါကပိုမျောလွင့်လို့နေတယ်
အခုချက်ချင်းချောက်ခြားသွားလိုက်
အခုဘဲတည်ငြိမ်နေလိုက်နဲ့
ငါ့စိတ်တွေရဲရင့်နေခဲ့
အပျော်တွေအားလုံးဟာ
တခဏလေးမဟုတ်ဘဲ
အမြဲထာဝရအတွက်ဖြစ်ချင်တယ်

25.6.09

ခံစားချက်(၃)




ဒီရက်ပိုင်းသီချင်းလေးတွေဘဲခံစားနေရလို့ပါ..ဘလော့လာလည်တဲ့သူငယ်ချင်းတွေ
သီချင်းလေးနားထောင်ပြီးကြယ်လေးနဲ့ထပ်တူခံစားပေးပါနော်...

22.6.09

ချစ်သူသို့(၈)


သစ်ရွက်တွေ မြေခလို့
ကြွေကျတဲ့ လမ်းလေးထက်မှာ
အလွမ်းတွေကို ရင်မဆိုင်ရဲတဲ့
ကောင်မလေးတစ်ယောက်
မျက်ရည်မိုးတွေ ရွာနေလေရဲ့...

ကျန်နေသေးတဲ့ အချိန်တွေကို
အသဲနှလုံးမပါတဲ့ ရင်ဘတ်နဲ့
အသက်ဆက်ရှင်ဖို့အတွက်
နှုတ်မဆက်ခင်
အနမ်းလေးတစ်ပွင့်တော့ပေးခဲ့ပါ
ချစ်သူ...

ချစ်သူသို့(၇)


ချစ်သူ..
အလွမ်းဆိုတာကြီးကို ရင်မဆိုင်ရဲလို့
မချစ်တတ်အောင် နေခဲ့တာပါ..
မချစ်တတ်သူကို ချစ်တတ်အောင်
သင်ပေးခဲ့ပြီးမှ
အလွမ်းတွေကို အပိုဆုအဖြစ်
မပေးခဲ့ပါနဲ့
ချစ်သူရယ်...

19.6.09

လတ်တလောခံစာချက်လေးပါ...