8.5.09

ချစ်သူသို့(၅)


တကယ်တော့.....
သံယောဇဉ်ဆိုတာ မထားခဲ့၇င်
နင်နဲ့ငါ့ကြား
ဘာလိုလားချက်မှရှိမှာမဟုတ်ဘူး.. ..။
နင်လဲနင့်ဘ၀မှာနင်ပျော်
ငါလဲ ငါ့ဘ၀ကို ငါလှော်လို့
ကိုယ်ထင်ရာကိုယ်စိုင်း
ကိုယ့်ယုံကြည်မှု အတိုင်းပဲပေါ့.....။
ခုတော့ဟာ.....
ငါတို့နှစ်ဦးရဲ့အကြား
သောကတွေပွားစေဖို့
ချစ်သူဆိုတဲ့ကြိုးတစ်ချောင်းက
နင်နဲ့ငါ့ကို ပေါင်းစည်းပေးထားခဲ့လေတော့
နင်လဲငါကျေနပ်စေဖို့ပြင်ရ
ငါလဲနင်သံသယမဖြစ်စေဖို့ဆင် ခြင်
အရာရာဟာ အရင်လိုတော့
လွတ်လပ်စွာရှင်သန်ခွင့် မရှိနိုင်တော့ဘူးပေါ့..... ။
ဒါပေမယ့်....
ဒီရှင်သန်ရခြင်းမှာ
ငါပျော်တယ်ဆိုတာတော့ ၀န်ခံပါရစေ.....။

17 comments:

mgnge said...

ဟာ.. ဒီကဗျာလေးကတော့ ရင်ထဲရောက်တယ်ဗျာ

စာသားလေးတွေကောင်းတယ်... အတွေးလေး ညက် တယ်...။

Anonymous said...

အဲဒီသံယောဇဉ်ကြိုးက တကယ့်ကို သောကသံယောဇဥပါ ကြယ်ရယ်။ အမြင်မတူကြတဲ့ ဘ၀နှစ်ခုနဲ့ ထုံမွန်းထားတဲ့ အဲဒီအချစ်ဆိုတာကို ရောင် မုန်းနေပြီ ကြယ်ရယ်။ ရောင် လည်းမလိုချင်တော့ဘူး။

ခင်တဲ့
ရောင်

မိုးဝေ said...
This comment has been removed by a blog administrator.
အဆိပ်ခွက် said...

ထိပ်ဆုံးမန်းမလိုဆို .. အိပ်ပျော်သွားတယ် ....
ကောင်ပါတယ် ... အဲလိုဘဲပေါ့ ပျော်ရမှပေါ့.... ကိုယ်ချစ်လို ချစ်တယ်ပြေတာထားတာကိုလေ....

အဆိပ်ခွက်....

moekhar said...

မကြယ်
အချစ်ကြောင့်ပူလောင်ကြတာမကောင်းဘူးမှန်းသိပေမယ့် ဒီထဲမှာပဲပျော်နေကြတယ်နော် .. နဲနဲလေးတော့လျှော့ချစ်မယ် ..း)

သမီးပျို said...

သံယောဇဉ်ကြိုးလေး ခိုင်မြဲပါစေနော်

Sein Lyan Tun said...

အချစ်ကိုသံသယကင်းကင်းနဲ့
သံယောဇဉ်ကြိုးနဲ့တုတ်နှောင်ရင်
အချစ်ကဘဝအတွက်အကောင်းတိုင်းဖြစ်စေမှာပါ
ခင်မင်စွာဖြင့်
ဖိုးစိန်

Unknown said...

ငါတို့နှစ်ဦးရဲ့အကြား
သောကတွေပွားစေဖို့
ချစ်သူဆိုတဲ့ကြိုးတစ်ချောင်းက
နင်နဲ့ငါ့ကို ပေါင်းစည်းပေးထားခဲ့လေတော့...
အဲဒါ မှန်တယ်အမ ရေ...
ပြောရရင်တော. တစ်ပုဒ်လုံက စာသား
တွေကို အကုန်ကြိုက်တာ...
ကျွန်တော်တို.ထက် ပိုခံစားနိုင်တယ်နော်

Unknown said...

ငါတို့နှစ်ဦးရဲ့အကြား
သောကတွေပွားစေဖို့
ချစ်သူဆိုတဲ့ကြိုးတစ်ချောင်းက
နင်နဲ့ငါ့ကို ပေါင်းစည်းပေးထားခဲ့လေတော့...
အဲဒါ မှန်တယ်အမ ရေ...
ပြောရရင်တော. တစ်ပုဒ်လုံက စာသား
တွေကို အကုန်ကြိုက်တာ...
ကျွန်တော်တို.ထက် ပိုခံစားနိုင်တယ်နော်

သူကြီးမင်း (တုံးဖလား) said...

အဲဒီလိုမျိုး ရှင်သန်ခြင်းတွေထဲမှာ လူတော်တော်များများလဲ ပျော်တတ်ကြမယ်ထင်တယ်နော်။
ညီမကတော့ ပို၍ပို၍ပေါ့။

yehtutnaung said...

၁၅၀၀ သံယောဇဉ်မှာ အလယ်အလတ် (မပူ၊မအေး) ဖြစ်ဖို့  မလွယ်ပါဘူးဗျာ။ တခါတခါ ဘုန်းကြီးဝတ်ဖို့  (ဟီ ဘွာတေးနော်)။

အိုက်ခီလောက် said...

အဟိ ပြောတတ်တော့ဘူး
သံသယတွေရော ကျေနပ်တာေ၇ာ
အားလုံးကိုမေ့ချင်တယ်
မလတ် တုပ်ကွေးကနေ အချစ်ကွေးတော့မယ်ထင်တယ်

အိုက်ခီလောက် said...

အဟိ ပြောတတ်တော့ဘူး
သံသယတွေရော ကျေနပ်တာေ၇ာ
အားလုံးကိုမေ့ချင်တယ်
မလတ် တုပ်ကွေးကနေ အချစ်ကွေးတော့မယ်ထင်တယ်

Unknown said...

စာ လာ ဖတ်တယ်၊ ကဗျာလေး ကကောင်းတယ်၊ ရင် ထဲရောက်တယ် ဗျာ...

Ree Noe Mann said...

ကောင်းမလေး ဒါကြောင့် နေမကောင်း ဖြစ်တာမဟုတ်လား။

ခုမှ နေကောင်းခါစပဲ ရှိသေးတယ် သိပ်အများကြီး မစဉ်းစားနဲ့။

သိပ်စဉ်းစားမနေနဲ့ မရောင် လို့ တစ်ဒိဒိ နဲ့ ဖျက်.

ခင်တဲ့
Ree Noe

တီချမ်း said...

ချစ်တတ်လိုက်တာနော်
တန်ဖိုးမထားတတ်ရင်တော့ အဲ့ဒီကောင်ရိုက်ဖို့ပဲကောင်းတယ်

ဂျပန်ကောင်လေး said...

ကြိုက်တယ်ဒီကဗျာလေးကို..း) ကျနော်လည်း ပျော်တယ်ဗျာ..