12.5.09

ထုံးတမ်းစဉ်လာ


မနေ့ကတွေ့ကြတုန်းက
ဒီမျက်နှာတွေ
သူတို့မဟုတ်ကြသလိုပဲ
ဖြူသလိုလိုအပြုံးတွေတွေ့တော့လေ
အမေ့ကိုသတိရလိုက်တာ
အမေပြုံးသလိုဘာလို့
မပြုံးကြပါလိမ့်
စကားဆက်မိလို့
မေးကြည့်တော့ ဒီလိုပါပဲတဲ့
တော်တော်ရယ်ရတဲ့လူတွေ
အမေးတခြားအဖြေတခြားနဲ့
တွေးမိရင်အိပ်လို့ကိုမရတော့ဘူး
ဒါနဲ့ ကိုယ်ကိုကိုယ်အားတင်းရတယ်
ခဏနေပြီးသွားမှာပါပေါ့
ဒီလိုနဲ့နေလာလိုက်တာ
အခုမှပဲ .......
တစ်ယောက်တစ်လမ်းလျှောက်ကြရအောင်ပြောရင်း
ဘာရယ်မဟုတ်
လမ်းဆုံရောက်တိုင်း
လမ်းမှားတတ်လာတယ်။

15 comments:

Anonymous said...

woo....!
great poem!

Ree Noe Mann said...

ဪ ကြည့် ဒီကောင်မလေးတောင် လမ်းမှားတက်လာပြီပဲ။
မဆိုးဘူး တော်လာပြီ။

ခင်တဲ့
Ree Noe

မိုးစက်အိမ် said...

လမ်းဆုံ ရောက်တိုင်း လမ်းမှန်နိုင်ပါစေလို. ဆုတောင်း
ပါတယ်အမ ရေ...ကဗျာခံစားချက်လေးက ကောင်း
တယ်ဗျာ...

Sein Lyan Tun said...

လမ်းဆုံရောက်တိုင်းလမ်းမှာတတ်လာတယ်လား
ကျနော်ကတော့ပန်းတိုင်ဝင်ခါနီးမှသိတဲ့အဖြစ်မျိုး
ဖြစ်နေသလားလို့
ကဗျာလေးကတွေးစရာပါတယ်နော်
ကောင်းတယ်
ခင်တဲ့
ဖိုးစိန်

တီချမ်း said...

သိပ်နားမလည်ဘူး မိကြယ်ရေ
ဒီတစ်ပုဒ်ကို

အဆိပ်ခွက် said...

ကျနော် ကဗျာလေးကို လာရောက်ခံစား သွားပါတယ် ... ကောင်ပါတယ်.. ကဗျာလေးက

ခင်မင်လျှက်
အဆိပ်ခွက်

ဂျပန်ကောင်လေး said...

မကြယ်ရေ.. ကဗျာလေးခံစားသွားတယ်

စိုင်းစိုင်းလားရှိုး said...

ဟိုအရင်က တော်တော်များများ မသိခဲ့တဲ့ အဆိုတော် တစ်ဦး သီဆိုခဲ့တဲ့ လမ်းဆုံမှာ ရှိနေတုန်းပဲ ဆိုတဲ့ သီချင်းကို အမှတ်ရစေခဲ့ပါတယ် ကဗျာကောင်းလေးပါဗျာ...

တောင်ပေါ်သား said...

သတိထားဗျို့ လမ်းဆုံရောက်ရင် ဘယ်လမ်းက လမ်းမှန်သလဲ ဆိုတာမသွားခင် အရင်ရွေး ဒါဆို မမှားတော့ဘူးပေါ့


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ကဗျာလေး ခံစားသွားပါတယ်။ လမ်းမဆုံးခင် အမှားသိအောင်ကြိုးစာရအောင် ကြယ်ရယ်။ မခံစားနိုင်တော့လို့ပါ။

ခင်တဲ့
ရောင်

မိုးခါး said...

တယောက်တလမ်း လျှောက်ရင်း လမ်းမှာတွေ့တော့လည်း ပြုံးပြနိုင်ဖို့ ကြိုးစားတာပေါ့ မကြယ်ရယ် ..

သူကြီးမင်း (တုံးဖလား) said...

ညီမရေ..
လမ်းဆုံမီးပွိုင့်ရောက်ရင် သေချာဖြတ်ကူးနော်။ လမ်းမှားပြီး ဒဏ်ရိုက်ခံနေရဦးမယ်။

ဟဲ ဟဲ။
အဆင်ပြေပါစေ ညီမ။

zayyadipa@gmail.com said...

အစ်ကိုက ကိုဇေ ပါ။ တွေ့ ရတာဝမ်းသာပါတယ်။ blog
လေးတွေကိုသဘောကျတယ်။ပြီးတော့ညီမလေးတို.bloger
လေးတွေကိုလည်းအားပေးပါတယ်။အလုပ်တဖက်ကျောင်း
တစ်ဖက်နဲ့ စိတ်ကူးideaလေးတွေတင်ပြနိုင်တာချီးကျုးပါတယ်။ကိုဇေ
က ကဗျာလေးတွေဝါသနာပါတယ်ချစ်တယ်။ဒါပေမဲ.စီးပွားရေး
အခြေအနေကမဲသာသွားတော့ ကဗျာလေးတွေနဲ.ဝေးခဲ.တာပေါ့။ လုပ်နိုင်တဲ့သူကိုအ
စဉ်အမြဲအားပေးနေလျှက်ပါ။ညီမရဲ့ကဗျာလေးတွေအရမ်းကောင်းပါတယ်။
ကြိုက်ပါယ်။အစဉ်အားပေးနေပါ့မယ်။သတိရနေပါ့မယ်။
မေ၇ာင်ပြန်ကိုပြောလိုက်ပါအုံးကိုဇေ၀င်လည်သွားတဲ.အကြောင်းပေါ့။
နောက်များမှအချိန်ရရင်ကျန်တဲ့ညီတွေညီမတွေဆီဝင်လည်ပါအုံးမယ်။
ညီမလေးကျန်းမာရွှင်လန်းလိုအင်တွေပြည့်ပါစေနော်။

mgnge said...

ကဗျာလို့ မထင်ဘူး...
ဒဿ နလေးတွေဖြစ်မယ်...။
နာ့ မမ တိုးတက်လာပြီ..။

ကိုရင်နော်ခင်လေးငယ် said...

အင်း လူတွေအားလုံးသာ အမေတိုင်းက သားသမီးတိုင်းကို ပြုံးပြတဲ့ အပြုံး ကိုယ်စီ ရှိရင် ကောင်းမယ်..

အခုမှပဲ .......
တစ်ယောက်တစ်လမ်းလျှောက်ကြရအောင်ပြောရင်း
ဘာရယ်မဟုတ်
လမ်းဆုံရောက်တိုင်း
လမ်းမှားတတ်လာတယ်
တဲ့

အင်း ဒီအပိုဒ်လေး ကြိုက်တယ်..