17.5.09

အလွမ်းည


ညတွေကို ခရေလိုသီရရင်
ဒီညတွေ မမွှေးမှာတော့သေချာတယ။်
မင်းမရှိလို့လေ....
ရင်ဘက်ထဲကအရိုင်းပန်း
မင်းနမ်းတက်ရင် တသက်စာ ထာဝရ
ရှင်သန်လို့လန်းမှာပါ..
အခုတော့
လေပြေတွေရယ်
သူ့ရနံ့မပါရင် မတိုက်ပါနဲ့လား
ငါတစ်ယောက်တည်း
အားငယ်လို့ပါ။

17 comments:

yehtutnaung said...

ကဗျာ ဖတ်ပြီး လွမ်းသွားတယ်ဗျာ။

mgnge said...

Oh God;

မိုးစက်အိမ် said...

လေပြေတွေရယ်
သူ့ရနံ့မပါရင် မတိုက်ပါနဲ့လား
ငါတစ်ယောက်တည်း
အားငယ်လို့ပါ။ ကောင်းလိုက်တဲ.စာသားတွေအမရေတာတွေ
အရမ်းကောင်းတယ်..တနေ.ကတောင်မြင်လိုက်တယ် တယောက်မေး
တာအမ ကိုယ်တိုင်ရေးတာလားဆိုပြီး C-Box မှာ..အော်အဲဒီလူ
နှယ်မေးတတ်တယ်..ကျွန်တော်အမ ကိုက skill
တွေတက်လာတာ..ကောင်းပြီးင်ကောင်းဘဲဗျို.

အိုက်ခီလောက် said...

အယ်မလတ်က အမြဲတမ်းလွမ်းနေပါလား
အင်းကောင်းလိုက်တဲ့အလွမ်း
ခုလိုညစ်နေတာ အမ အလွမ်းနဲ့ ပိုပြည့်စုံသွားသလိုပဲ
အထူးပြောစ၇ာမလို
ကြိုက်၏

Sein Lyan Tun said...

အားမငယ်နဲ့ အနားမှာ ကျနော်တို့ရှိတယ်
ခရေသဘောက ခြောက်သွားရင်တောင်မွေးပါတယ်
ခရေလိုအမြဲမွှေးပါစေ
ကဗျာလေးကောင်း၏
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

တီချမ်း said...

ဆင်ကော်တောင် မနိုင်တော့ဘူး မိကြယ်ရေ
ညည်းမလဲ ကွဲလိုက်ရတဲ့ အသည်း
မိရောင်ကော ဘယ်ပျောက်နေလဲ?
တွေ့ရင် တီ မေးတယ် ပြောလိုက်
ငရဲ က လာတိုင်နေတယ်
မိခါး မွေးနေ့ က တော်တော်မှပျော်ကြရဲ့လား
ပုံတွေတွေ့တယ်

မိုက်မှမိုက်
ကိုကိုကာကာ ဗိုက်ကလဲ ပူမှပူ ပဲ

အဆိပ်ခွက် said...

မကြီးကြယ်ဖြူစင်
ကဗျာလေးကို လာရောက်ခံစားသွားတယ်နော်...

ခင်မင်လျှက်
အဆိပ်ခွက်

တောင်ပေါ်သား said...

ကဗျာလေး လာခံစားသွားပါတယ်
လေပြေတွေ ခရေ ရနံ့မပါလဲ ဘ၀အတွက်
အသက်ရှင်ဖို့အတွက် ကျနော်တို့ ရှုရှိုက်နေရဦးမှာပါ...


လေးစားလျက်
တောင်ပေါ်သား

စိုင်းစိုင်းလားရှိုး said...

ခရေဆိုတာ ကြွေမှ ရနံ့က ပိုသင်းတာမဟုတ်လား။
အကြွေပန်းပေမယ့် ရွှေနန်းထိုက်ခွင့်ရတဲ့ ခရေပန်းဘ၀ဟာ ကြွေသွားပေမယ့် တန်ဖိုးရှိနေဆဲပါ..... လေပြည်အနွဲ့မှာ ခရေလေးလည်း ကြွေပေးရတာ ဓမ္မာတာပါ......

စနေသား said...

ကဗျာလေး အတော်လေး နှစ်သက်မိတယ်ဗျာ... အလွမ်းညပေါ့...

ပျော်ရွှင်ပါစေဗျာ...

Kaung Kin Ko said...

လေပြေတွေရယ်
သူ့ရနံ့မပါရင် မတိုက်ပါနဲ့လား

အဲဒီ့အရေးအသားလေး လှလိုက်တာ

မိုးခါး said...

ဝါး .. မိုက်တယ်ကွာ .. သူ့ရနံ့မပါရင်အားငယ်တယ်တဲ့ .. မိုက်တယ် မိုက်တယ် ..

Ree Noe Mann said...

ညတွေကို ခရေလိုသီရရင်
ဒီညတွေ မမွှေးမှာတော့သေချာတယ။်
မင်းမရှိလို့လေ.... ဟုတ်တယ် အဲ့ဒီနေက သူငယ်ချင်း မွေးနေ့ ကို သွားဆွဲနေလို့ပါ။

ရင်ဘက်ထဲကအရိုင်းပန်း
မင်းနမ်းတက်ရင် တသက်စာ ထာဝရ
ရှင်သန်လို့လန်းမှာပါ..
မနမ်းတက်ဘူးဗျို့ ကလေးပဲ ရှိသေးတာကို....

အခုတော့
လေပြေတွေရယ်
သူ့ရနံ့မပါရင် မတိုက်ပါနဲ့လား
ငါတစ်ယောက်တည်း
အားငယ်လို့ပါ။
အားငယ်ပါနဲ့ ကျွှန်တော်တို့ ရှိပါသေးတယ်။

လာနောက်သွားတယ်။
ဖတ်လို့ကောင်းတယ်။
တွေးတက်တယ်နော်။
နည်းနည်း တိုးတက်လာတယ်။ (ကွဲနေတာတွေ)

ခင်မင်လျှက်
ကိုရီနို

သီဟသစ် said...

ကြယ်ကြယ်ရေ..
စကားလုံးတွေ ပြောင်မြောက်လှချည်လား
..
MRT ကြီးရယ် သူမပါရင် မလာပါနဲ့
တစ်ယောက်တည်းမစီးချင်လို့ပါ... :)

Anonymous said...

ကြယ်ရေ ... အရှုပ်တွေလုပ်နေရလို့ မရောက်တာနော်။ ကွဲပြန်ပြီလား ဒုက္ခပဲနော်။ ရောင်ကတော့ ကွဲစရာကို မရှိတော့ဘူး။ သူငယ်ချင်းတွေနဲ့ ကိုယ့်ကို ဂရုစိုက်တဲ့ သူတွေနဲ့နေရတာ ကျေနပ်ပါတယ်။ ဖြေသိမ့်စရာပေါ့ ကြယ်ရယ်။

ချစ်သူငယ်ချင်း ပျော်ရွှင်ပါစေ...
ခင်မင်လျှက်
ရောင်

သူကြီးမင်း (တုံးဖလား) said...

အလွမ်းည သရုပ်ပေါ်အောင် ရေးတတ်တဲ့ ညီမလေး ပျော်ရွှင်ပါစေဗျာ။

နွေးနေခြည် said...

ခံစားမိတယ်...