25.5.09

နောင်တ


အဆုံးသတ်မှာ
ဆုံးရှုံးရမှာသေချာနေပြီဆို
ဘာလို့များ
အစကပြန်စနေဦးမလဲ...
ဘဝကဆုံးရှုံးခြင်းကိုဘဲ
လက်ဆောင်အဖြစ်အမြဲတမ်းပေးတယ်.
တကယ်ပါ.
ငါလေမင်းကို ဒီလောက်အထိ
မချစ်ခဲ့မိရင်
ဘယ်လောက်ကောင်းလိုက်မလဲ...
အခုတော့ မင်းအတွက်နဲ့
ငါ့ညနေတွေ
အကျည်းတန်နေခဲတာများ....
အဝါရောင်ပန်းတစ်ပွင့်
အတိုင်းဘဲ...

တစ်ယောက်သောသူအတွက်..ဒီကဗျာကိုသူဖတ်ရင်သိမှာပါ...

18 comments:

Ree Noe Mann said...

တစ်ယောက်သော သူ အမြန်ဆုံး သိရှိနားလည်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် ညီမလေး ကြယ်ဖြူစင်။

မကြီး က ဆင်ကော် တွေပိုနေတယ်တဲ့။

နောက်တာပါ

ကိုရီနို

သီဟသစ် said...

ကြယ်ကြယ်စင်..

အကျည်းတန်ညနေတွေ
အထီးကျန်ညနေတွေ

မြန်မြန်ပျောက်ပြီး
ပျော်ရွှင်ပါစေကွယ်...

ခင်မင်စွာဖြင့်
သီဟသစ်

တီချမ်း said...

အင်း တူမတော်
ပြောတော့ဖြင့် အချစ်ကဗျာ အလွမ်းကဗျာ မရေးတော့ဘူးလေး ဘာလေးနဲ့
ကဲကဲ ကော်တွေရမယ်

yehtutnaung said...

ကဗျာလေးကို ဖတ် ခံစားသွားပါတယ်ဗျာ

ခီခန့် said...

ဟဟ... ကောင်းလိုက်တာဗျာ...
အကျည်းတန်ညနေ..
မျက်ရည်နဲ့ နိုးတဲ့ မနက်ခင်း...
ဆေးလိပ်တဖွာ နဲ့ ရင်လေးဖွယ်အနာဂတ်...
ဒီအရာတွေကျတော့် ကျတော့်မှာလဲပြည့်စုံပါတယ်...
အဟီး.. ဘ၀တူတွေပဲလို့ပြောရမှာလား..။
လာဖတ်သွားတယ်နော်...။


ခီခန့်လေး.။

တောင်ပေါ်သား said...

ခံစားသွားပါတယ် ပျော်ရွှင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

Unknown said...

တချို့က ပြောကြတယ် မင်းတို့လို ငယ်ရွယ်သူတွေအတွက် အချစ်ဆိုတာ ရူးသွပ်မှုတခုပါတဲ့… မဟုတ်ဘူး… တကယ်တော့ သေလို့ရတယ်ဗျ …

ကြေကွဲခြင်း ပူဆွေးခြင်းတွေ ကင်းပါစေ… အလွမ်းတွေလည်း ပြေပါစေတော့လို့ ဆုတောင်းလိုက်ပါတယ်….။

နှင်းဆီနက် said...

ခံစားဖတ်ရှုသွားပါတယ်ညီမငယ်

Anonymous said...

နောင်တတွေနဲ့မလှတဲ့ဘ၀ထဲ
အိပ်မရတဲ့ညတွေများခဲ့လည်း
ငါ့ကိုယ်ငါမုန်းချင်လောက်အောင်
မင်းကိုချစ်မိနေတုန်းပဲ။

မိုးခါး said...

အဆင်ပြေပါစေ ..
ပျော်ရွှင်ရမယ့် အနာဂတ်နဲ့ ကြုံတွေ့ပါစေ ..
ဆုတောင်းပေးတယ်နော် ..

Sein Lyan Tun said...

နောင်တရခြင်းမှ ကင်းဝေးပါစေ

စိုင်းစိုင်းလားရှိုး said...

ခုတစ်ယောက် နောက်တစ်ယောက် ဘယ်လောက် ပြောင်းပြောင်း မဟောင်းခဲ့တာ သူရယ် မေ့မရဘူးတဲ့

မိုးစက်အိမ် said...

အမရေ အာလုံး အစဉ်ပြေပြီး နောင်တ တွေဝေးနေပါစေလို.
ဆုတောင်းပေးနေပါတယ်နော်...အားပေးလျက်

အဆိပ်ခွက် said...

သိတယ်သိတယ်.... အဆင်ပြေပါစေ... အချစ်ဆိုတာ ဒီလိုပါဘဲဗျာ... နောက်တော့လဲ အိုကေသွားမှာဘဲလေ...

ခင်မင်လျှက်
အရုပ်လေးရဲ့အဆိပ်ခွက်

သူကြီးမင်း (တုံးဖလား) said...

တစ်ယောက်သောသူ ဖတ်ပြီးပြီလား မသိဘူး။ အကိုကတော့ ဖတ်သွားပြီ။

ပျော်ရွှင်ပါစေ။

Anonymous said...

ငါ့ညနေတွေ
အကျည်းတန်နေခဲတာများ....
အဝါရောင်ပန်းတစ်ပွင့်
အတိုင်းဘဲ . . . . .

အ၀ါရောင်ပန်းတောင် အကျည်းတန် တယ်ဆိုတော့ အဲဒီအ၀ါေ၇ာင် ပန်းမှာအဓိပ္ပါယ်တွေ ပါနေလိမ့်မယ် ထင်တယ် . . . .

Anonymous said...

ဆုံးရှုံးခြင်တွေ အမြန်ကင်းဝေးပြီး ချစ်သေသူနှင့် ထာဝရ လက်တွဲနိုင်ပါစေ သယ်ငယ်ချင်းကြယ်ရေ

ခံစားချက်ချင်း အမြဲတမ်း ထပ်တူကြနေတဲ့ သူငယ်ချင်း
ရောင်

mgnge said...

ဟဲဟဲ
မမ
ကျွန်တော်လည်း သိပါတဲ့ဗျ....