27.5.09

ဖြစ်သမျှအကြောင်း



အချစ်နဲ့ဘဝ
ရည်ရွယ်ချက်နဲ့ သံယောဇဉ်
ပဋိပက္ခ ကြုံလာပြီဆိုရင်..
ရွေးချယ်မှုဆိုတာ
ဘဝရဲ့လက္ခဏာတစ်ရပ်ပါ...
ဖြစ်ချင်တာထဲကို
ဖြစ်သင့်တာတွေလောင်းထည့်
တတ်နိုင်သမျှ သမအောင်မွှေရင်း
ဘဝဟာ...မသောက်ရသေးတဲ့
ကော်ဖီတစ်ခွက်ဖြစ်ခဲ့တယ်...

18 comments:

အဆိပ်ခွက် said...

ကျနော် တောင် ကော်ဖီသောက်တာ နင်သွားတယ် ကဗျာလေးကောင်းလိုပါ

ခင်မင်လျှက်
အဆိပ်ခွက်

Ree Noe Mann said...

သောက်သင့်တယ်လို့ ထင်ရင်း သောက်သာသောက်ပစ်လိုက် ညီမ။
ဘာမှ မစဉ်းစားနေနဲ့။ နောင်တလည်း
မရမိစေနဲ့။

ခင်တဲ့
ကိုရီနို

လင်းကြယ်ဖြူ said...

ဟုတ်ပါတယ်။ဖြစ်ချင်တာထက်..ဖြစ်သင့်တာတ္ဂေကို အကြိမ်ကြိမ် လောင်းထည့်ထားရတဲ့ ဘ၀ က ကော်ဖီမစ်ပါ။
တစ်ခါတစ်ရံ ရေန္ဂေးတ္ဂေကိုပြည့်အောင် ဖြည့်ရင်း အပူလောင်ခဲ့ရတာလည်း ဘ၀ ကော်ဖီမစ်ကို ဖျော်နေတုန်းပေါ့....
ပျော်ပါစေခင်ဗျာ

သီဟသစ် said...

ရနံ့သင်းတဲ့ ကော်ဖီလေးဖြစ်ပါစေ..

ခင်မင်စွာဖြင့်
သီဟသစ်

yehtutnaung said...

ဘာပဲဖြစ်ဖြစ် ဖြစ်သမျှအကြောင်းစုံကို ကော်ဖီထဲ ရောကြိတ် သောက်ပစ်ရမှာပဲလေ..။ ထိမိတဲ့ ကဗျာလေးတပုဒ်ဗျာ။

တီချမ်း said...

coffee mix မကြိုက်ပါ
ကော်ဖီစစ်စစ် ခါးခါးလေးမှ

Unknown said...

Good Idea, Include many thoughts!Let make coffe ,.........................!

ကြယ်ဖြူစင် said...

တီမကြိုက်ဘူးဆိုလို့..ကော်ဖီမစ်ဟုတ်တော့ဘူး ကော်ဖီစစ်စစ်ဖြစ်သွားပြီ...ခါးတာချိုတာကတော့ ကို့ရဲ့ဘဝပေါ့တီရယ်..
ချစ်တူမ
ကြယ်ဖြူစင်

Sein Lyan Tun said...

ကော်ဖီဆိုတာခါးတယ်
ဒါပေမယ့် နို့နဲ့ သကြားရောရင် အရသာရှိသွားတယ်
တချို့ကခါးတာကြိုက်တယ်
တချို့က ချိုတာကြိုက်တယ်
အဲဒီအပေါ်မူတည်ပြီး အနံ့ အရသာလဲပြောင်းမယ်
ကျနော်ကတော့ ခါးတစ်ခါသောက်မယ်
ချိုတဲ့အရသာကိုလဲ မြည်းချင်တယ်
ဒါပေမယ့် အချိုလွန်းရင်တော့ မကြိုက်တော့ဘူး
ကော်ဖီ မသောက်ခင် အချိုတစ်ခုခုစားရတာကိုလဲမကြိုက်ဘူး
ဘဝဆိုတာ မသောက်ရသေးတဲ့ ကော်ဖီတစ်ခွက်လို့တင်စားရင်
မသောက်ရသေးတဲ့ အချိန်မှာ ဘယ်လိုအရသာကြိုက်လဲဆိုတာ
အရင်ရွေးလိုက်မယ်လေ
အဆင်ပြေ ပျော်ရွှ့င်ပါစေ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

အိုက်ခီလောက် said...

အဲ့ကော်ဖီက ခါးလား ချိုလား
ဖန်ဆိမ့်လေးလား
အရသာအမျိုးမျိုးပေးနေတဲ့ကော်ဖီလား
ဒါဆိုရင်တော့ မလတ်ရေ ဘလိန်း ပဲသောက်ရအောင်
ဘာမှမရှိတဲ့ သူ့ ဟာသူ လေးပေါ့

နွေးနေခြည် said...

ဖြစ်သမျှအကြောင်း အကောင်းလို့သာ မှတ်ပါ

မိုးခါး said...

တူတူသောက်လိုက်မယ်လေ ..း)

မိုးစက်အိမ် said...

အမ ရေ ကော်ဖီးခါးခါး သောက်ရတဲ. ည
တွေ ကုန်လွန်ပါစေဗျာ...ဆုတောင်းပါတယ်
ခင်မင်လျက်

myittaryongpyan said...

ကြယ်ရေ .... သောက်လိုက်မိတော့လည်း ခါးသက်သက်နဲ့ စွဲမက်စေခဲ့တာ အဲဒီကော်ဖီလေးပဲပေါ့ကွာ။

ခင်မင်လျှက်
ရောင်

ဂျပန်ကောင်လေး said...

လန်ထွက်နေတာပဲ.. ကဗျာက..း)

mgnge said...

ကော်ဖီတစ်ခွက်
breakfast
လေ
ဟီး

သက်သာသေးဘူးလားရောဂါါါါါါါါါါါါါါါါါါါါါါါါါ-

ကိုရဲ said...

မသောက်ရသေးတဲ့ ကော်ဖီကအေးနေပြီလား ပူရင်လည်းသောက်မကောင်းသလို အေးလွန်းပြန်ရင်လည်း သောက်မကောင်းပါဘူး ။ အနေတော်ပဲကောင်းပါတရ် ။

(ကိုရဲ)

ဏီ(န်)ကင်း said...

ဒါလေးမိုက်တယ်...သို့အတွက်ကျွန်တော်ကြိုက်တယ်... အရေးအဖွဲ့ကဆန်းတယ်။