12.6.09

ချစ်သူသို့(၆)


ချစ်တတ်တဲ့ နှလုံးသားတစ်ခုပဲ
နင်ယူလာခဲ့ပါ..
ကျန်တာအားလုံး ပြည့်စုံနိုင်ပါတယ်..
ချွင်းချက်တွေ ရှိကောင်းရှိနိုင်ပေမယ့်
ထူးခြားဆန်းကြယ်တဲ့ အချစ်တစ်ခုကို
နင်တွေ့ရလိမ့်မယ်...
လူပြောများနေတဲ့ အဲဒီအလွမ်းတွေကို
ငါအဝေးကပဲ ရပ်ကြည့်နေပါစေ...။

အရာရာမှာ ကံမကောင်းတတ်တဲ့
ငါ့အတွက် အနားမှာအမြဲနေပေးဖို့
တောင်းဆိုခွင့်လေးတော့
ရချင်ပါသေးတယ်...
ခြောက်ခြားနေတဲ့ စိတ်အစုံဟာ...
ဝေးရမယ်ဆိုရင်ဆိုတဲ့ အသိတစ်ခုနဲ့တင်
အလဲလဲ အကွဲကွဲ...
နလန်ထူဖို့မေ့နေခဲ့တယ်...။

9 comments:

Ree Noe Mann said...

လုပ်တယ်ဟ့

သတ္တိတွေ ကောင်းနေတာပေါ့လေ။

ဒါမှ ငါ့ညီမကွ လုပ်ထား လုပ်ထား

ကိုရီနို

မိုးစက်အိမ် said...

လူပြောများနေတဲ့ အဲဒီအလွမ်းတွေကို
ငါအဝေးကပဲ ရပ်ကြည့်နေပါစေ...။
အဲဒါလေးကြိုက်တယ် အမရေ...

တောင်ပေါ်သား said...

အလွမ်းတွေ ပျောက်ပြီး အပျော်တွေ အမြန်ရောက်ပါစေဗျာ...း)



လေးစားလျက်
တောင်ပေါ်သား

ထက်စုနှင်းဆီ said...

အသဲနှလုံးဆိုတာ အစာအိမ်တခုလောက်
အရေးမကြီးတာ အမှန်ပဲ..
လခ မပါရင် အိမ်ပေါ်မတက်နဲ့..
ဂဲအောက် ဂဲအောက်
(မေခလာသီချင်း)

အဟီး.. အဲဒီနှလုံးကို ချက်စားမလို့လားဟင်..

Anonymous said...

ရောက်တယ်သူငယ်ချင်းရေ.. အလွမ်းတွေကို ခံစားရပါများတော့လည်း ကျင့်သားရသွားမျာပါ။

ခင်တဲ့
ရောင်

Sein Lyan Tun said...

အလွမ်းတွေကို ရေစုံမျှောသင့်နေပါပြီး
ကဲ အချစ်နဲ့ အသစ်ကပြန်စမယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

မိုးခါး said...

လူပြောများနေတဲ့ အဲဒီအလွမ်းတွေကို
ငါအဝေးကပဲ ရပ်ကြည့်နေပါစေ...။
အရမ်းမိုက်တယ်
ကြိုက်တယ် မကြယ်ဖြူရေး)
ပျော်ရွှင်ပါစေ

ချစ်ခင်စွာ

chitpalone said...

ကဗျာက အမှန်အကန်လန်းတယ်ဗျာ။ တကယ်မိုက်တယ်။ ခံစားချက်ကို သေသေချာချာ ဖော်ပြသွားတာပဲဗျာ။ ပျော်ရွှင်ပါစေ။ ညီမလေး ပါးလုံး

ကိုရဲ said...

ငါ့အမလည်း ကံမကောင်းရှာဘူးနဲ့တူတရ်နော် ။ နောင်ကို ကံကောင်းမှုတွေပဲရနိုင်ပါစေလို့ ...

ခင်တဲ့ မောင်လေး (ငရဲ)