ond150/s1600-h/1948435uezt6x36gj.png">
ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. .
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides
1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန် လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။
2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ အလေးအနက်ထား အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊ အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက် အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့ သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။
3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။ သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့် မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။
4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။ ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့် ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊
5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ သဘောကျတယ်ဆိုရင်တော့ OK ပေါ့။
No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး ရှိရမှာပေါ့နော်။
ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်
အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့
ကဲ . .. အားလုံးပဲ ကိုယ့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
Forward Mail ကနေရတာပါ..သူငယ်ချင်းများကိုမျှဝေချင်လို့တင်ပေးလိုက်တာပါ..
လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်
5 years ago
19 comments:
hay... I got D.... :P As u know...
အမှတ်ပေးစည်းမျဉ်း.... ဖတ်သွားပါတယ် ခင်ဗျာ။
ဗဟုသုတရစရာလေးတွေ မှတ်သားသွားပါတယ်။
အဲလောက်ထိတောင် စဉ်းစားနေပြီပေါ့
သိနေတယ်နော်....
ဂုဏ်ထူးထွက်မထွက်မသိ
စာမေးပွဲကတော့အောင်ပြီသားပါ ကြယ်ကြယ်ရေ
ခင်မင်စွာဖြင့်
သီဟသစ်
တကယ်ကောင်းတဲ.ပို.စ်လေးပါဘဲဗျာ
ခုလို မျှဝေပေးတာ ကျေးဇူးပါမကြီး
း).. စဉ်းစားပေါ့.. ဒါပဲပြောမယ်..
၁။ သေချာတယ်... ဒါပေမယ့်ကျနော်ကတော့ မျှော်လင့်ပါတယ် သူကျနော့်အပေါ်နားလည်ပါစေလို့..
၂။ တိုင်ပင်ထားတယ်.... သူကကျနော့်ကိုသ၀န်မတိုဖို့....
၃။ ဒါကတော့ သေချာပြန်ပြီ ဒီမှာက လူတိုင်း အလုပ်ရှိမှ ခရက်တစ်ကောင်းတာ... ပိုသေချာတာက နှစ်ယောက်လုံး လက်နဲ့မပြတ်ဘူး အလုပ်နဲ့....
၎။ သူကတော့ ဒေါင်ဒေါင်မြည်ပဲ.. ကျနော် မသည်လာပါဘူး... ဒီရောက်မှ အသည်းရောဂါတဲ့ဗျာ... သူလည်းပြောပါတယ်... အဲဒီလိုပဲ... အစစ ဂရုစိုက်ပါတဲ့...
၅။ အားလုံးကတော့ ဂွတ်ပဲ... အိုကေလို့ပြောလို့ရတဲ့အခြေအနေပဲ... ;) :) :)
နောက်ဆုံးတော့လည်း
အလျှော့အတင်းလေးနဲ့ပဲ ... ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့ဗျာ...
မသာယာတာတောင် အသံညီဖို့လိုတယ်ဟုတ်...
ကဲ ညီမလေးရေ... ဖြေပြီးပြီ စစ်ပေးပါအုံးဗျ...
ဘယ်လိုလဲ ဘယ့်နဲ့လည်း....
ခင်တဲ့
ကိုပြည့်စုံ (ဝေါသားလေး)
မဂျယ် ရေ
ဒီစာမေးပွဲတော့ ခုထိ အောင်သေးဘူး။
ဖြေတာ ငါးခိရှာဘီ။
အကို ညံ့တယ်ကွာ။
မမဆီလည်း ဒီဖောဝပ်မေးလ်လေးရောက်လာခဲ့တယ် ညီမလေးရေ... ပြန်ဖတ်သွားတယ်နော်.
မှတ်သားစရာလေးတွေပါ။
၆၅ မှတ်လောက်ရရင်တောင်မဆိုးပါဘူး...။
ကိုယ်ကတော့သူ့အတွက် ၄၀ တောင်မပြည့်ရင် အမှတ် ၁၀၀ နိင်တဲ့ အိမ်ထောင်ဖက်လည်း လက်လွတ်ရမှာပါပဲ
ကိုယ်ကိုတိုင်လည်း ပြီးပြည့်စုံနေဖို့အရေးကြီးတယ်
မကြယ်ရေ... ဂုဏ်ထူးမပြောနဲ့ အမှတ်မမှီလို့  စာမေးပွဲ ကျတယ်ဗျိုးးးးးးးးးးး အဟဲ
ပျော်ရွှင်ပါစေနော်။
မေးခွန်းနံပါတ် ၁) ဖြေဆိုဆဲ
မေးခွန်းနံပါတ် ၂) ကျတယ်
မေးခွန်းနံပါတ် ၃) အောင်တယ်
မေးခွန်းနံပါတ် ၄) ကျတယ်
မေးခွန်းနံပါတ် ၅) ကျတယ်
မေးခွန်းနံပါတ် ၁) ဖြေဆိုဆဲ
မေးခွန်းနံပါတ် ၂) ကျတယ်
မေးခွန်းနံပါတ် ၃) အောင်တယ်
မေးခွန်းနံပါတ် ၄) ကျတယ်
မေးခွန်းနံပါတ် ၅) ကျတယ်
:P
အမကြယ်စင်ရေ
အရမ်းကောင်းတဲ့ တွေးခေါ်မှု့လေးတွေပါ...
(၈၀)လောက်ရအောင်တော့ကြိုးစားကြည့်ရမှာပေါ့နော်
ကြိုးစားလိုက်အုံးမယ်....
အမကြယ်စင်ရေ
ကြိုးစားလိုက်အုံးမယ်...
မှတ်သားသွားတယ်ပါတယ်
ကျေးဇူးအထူးပါ...
Post a Comment