20.5.09

မိုးနံနက်ခင်း


ဝေးစေဖို့နင်တွေးလဲ
နွေးစေဖို့ငါရေးခဲ့တယ်
ဒီလိုမိုးမစဲတဲ့မနက်တွေဆို....
ရေစက်လက်နဲ့သစ်ရွက်တွေ
အပြိုင်းအရိုင်းငို
ဖော်ဝေးသူတိုင်းအဆွေးပိုသတဲ့။
ဒီအခန်းရဲ့တစ်ဖက်မကလို့
ကမ္ဘာတစ်ဖက်ကိုပဲ ထွက်ထွက်
ရင်ထဲမှာမွန်းကျပ်တုန်းပဲ။
အရင်ထက်ငါလွမ်းတက်တုန်းပဲ။
ဒီလိုနဲ့နင်မပါတဲ့ငါ့ရဲ့ကမ္ဘာ
လေးဘက်လေးတန်
အလိုလိုပိတ်လှောင်မိခဲ့တယ်။

18 comments:

Unknown said...

အားငယ်နေတဲ့ အဖော်မဲ့ဘ၀တွေကို
ကိုယ်ချင်းစာပါတယ်ဗျာ....

တစ်နေ့နေ့တော့....
ဖြစ်လာမှာပါ...
မျှော်လင့်ပါ...
မျှော်လင့်ခြင်းသည် လူကိုအားအင်တွေဖြစ်စေတယ်...

ပျော်ရွှင်ပါစေ ကြယ်ဖြူစင်....

Anonymous said...

ကဗျာလေးကတော့ မိုက်တယ် ..
ပိုပိုပြီးကို လွမ်းတတ်နေတာလား မကြယ် ..း)

မိုးခါး

Anonymous said...

ဖော်ဝေးသူတိုင်းအဆွေးပိုသတဲ့။
ဒီအခန်းရဲ့တစ်ဖက်မကလို့
ကမ္ဘာတစ်ဖက်ကိုပဲ ထွက်ထွက်
ရင်ထဲမှာမွန်းကျပ်တုန်းပဲ။

ဒီအပိုဒ်လေးကို ကြိုက်တယ်ကြယ်ရယ်။ မမြင်နိုင်ပဲ လွမ်းနေရတဲ့ ဘ၀တွေက အမြန်လွတ်မြောက် နိုင်ပါစေနော်။

ခင်မင်လျှက်
ရောင်

တီချမ်း said...

ပိုပိုပြီးလွမ်းတော့
ပိုပိုပြီးခံစားတတ်လာတယ်
ပိုပိုပြီးခံစားတတ်လာတော့
ပိုပိုပြီးရေးတတ်လာတယ်
နောက်ဆို ဘာတဲ့
နာမည်တောင် ပြောင်းတော့မယ်တဲ့
ပိုပိုကြယ် ဆိုပဲ

စိုင်းစိုင်းလားရှိုး said...

ကြယ်တစ်ယောက် လှောင်ပိတ်မှုမှ မြန်မြန်ကင်းလွတ်ပါစေ

yehtutnaung said...

ကြယ်ဖြူရေ.. အဲလို ခံစားခဲ့ရဖူးတယ်...။ ရူးမတတ်ပါဘဲ။ အဝေးဆုံးကို ထွက်ပြေးချင်လဲ အရိပ်တွေလိုပဲ ကပ်လျက်ပါခဲ့တာ။ နောက်ဆုံးတော့လဲ ခံစားပစ်လိုက်တယ်။ နှလုံးသားတွေ ပြာဖြစ်သွားမှပဲ ငြိမ်ကျ သွားတော့တယ်။ အရာအားလုံး အဆင်ပြေပါစေ........။

Sein Lyan Tun said...

မိုးဆိုတာ ဝေးသူကိုပိုဆွေးစေတယ်တဲ့လာဗျာ

နင်မပါတဲ့ငါ့ရဲ့ကမ္ဘာ
လေးဘက်လေးတန်
အလိုလိုပိတ်လှောင်မိခဲ့တယ်
အခုတော့ပိတ်လှောင်ချင်းခံထားရတဲ့ဘဝလို့
ခံစားမိပါတယ်
ကဗျာလေးက ကောင်းတယ်
ကြယ်ဖြူလေးကလဲ အတွေးကောင်းတာကိုး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

တောင်ပေါ်သား said...

ပြောချင်ဘူးနော့် အဟဲဟဲ ..
အလွမ်းဓါတ်တွေကလဲ များပါ့ဗျာ...


လေးစားလျက်
တောင်ပေါ်သား

သူကြီးမင်း (တုံးဖလား) said...

အလွမ်းလေးတွေကို ကဗျာအဖြစ် ပြောင်းလဲပေးလိုက်တာပေါ့လေ။

ကဗျာကောင်းလေးတွေများများရေးနိုင်အောင် အမြဲတမ်းဘဲ အဆွေးသမားလေးဖြစ်ပါစေလို့ ဆုတောင်းပေးရမလိုဖြစ်နေပြီ။

ပျော်ရွှင်ပါစေ။

ဂျပန်ကောင်လေး said...

လန်ထွက်နေတာပဲ... စာသားတွေကတော့..း)

အဆိပ်ခွက် said...

လွမ်းလွမ်း အားရပါးရလွမ်း ကောင်တယ် .... ကဗျာလေးက

မိုးစက်အိမ် said...

အမ ရေ အလွမ်းကဗျာလေးကောင်းတယ်...
ဒါပေမဲ. အလွမ်းမီး တွေတော. ငြီမ်းပါစေ
လို.တော. ဆုတောင်းပေးပါတယ်နော်...အမ
အတွက် ကံကောင်းခြင်းတွေ စောင်.နေမှာပါ...

သီဟသစ် said...

လွမ်း...
မိုးရွာလဲလွမ်း
နေပူလဲလွမ်း။


နှင်းကျလဲလွမ်း . လုပ်လို့မရတော့ဘူး ။ ဒီမှာ ဆောင်းမရှိလို့..

mgnge said...

လွမ်းတယ်.... ဘာလို့ လွမ်းတာလည်းဟင်...။

ဘာဆေးပေးရင်ဒီရော ဂါ ပျောက်နိုင်မလဲ

Ree Noe Mann said...

ကဲကဲ မပြောချင်ပဲ ပြောရတော့မယ်။
လွမ်းလို့ ဝရင်လည်း အကြွေးလေးဘာလေး
ဆပ်ပါအုံးလို့

ခင်တဲ့
ကိုရီနို

အိုက်ခီလောက် said...

မလတ်ရေ ကော်မကောင်းလို့ အဟင့်
ခုမှရောက်တယ် ညစ်နေတာအကြီးကြီးရယ့်
ခုလည်းရောက်လာတယ်ဆိုမှ ညစ်နေတာကို ပိုပြီးဆိုးစေတယ်
အလွမ်းတွေ အလွမ်းတွေ

နွေးနွေးသဲမွန် said...

လာလွမ်းသွားပါတယ်..မမရေ

နွေးနေခြည် said...

နွေးစေဖို့ နွေးလာဖတ်သွားပါတယ်း)