17.8.09

နှစ်ယောက်တစ်အိမ်မက်


နှစ်ယောက်တစ်အိမ်မက်မှာ
ပျော်ရွှင်မှုတွေရှိသလို
ဝမ်းနည်းမှုတွေရှိမယ်
စွန့်လွှတ်ခြင်းတွေရှိမယ်
အနစ်နာခံခြင်းတွေရှိမယ်
ကြည်နူးမှုတွေရှိသလို
စိတ်ညစ်ညူးမှုတွေရှိမယ်
တောင်တန်းတွေရှိသလို
ချိုင်ဝှမ်းတွေလည်းရှိမယ်
ကန္တာရတွေပါသလို
အိုအေစစ်တွေလည်းရှိမှာပါ..ကို။
အိပ်မက်ခရီးကြမ်း နှစ်ယောက်တွဲ
လျှောက်စဉ်မှာလဲ
ဘေးနားကမခွဲ တွဲကူမယ့်သူပါ ..ကို။
အိပ်မက်ဆိုးကလန့်နိုးရင်လည်း
မောပန်းနေတဲ့ ရင်ကိုငြိမ်းစေဖို့
ရေတခွက်ကမ်းပေး..အေးစေမယ့်သူပါ...ကို။

10 comments:

မိုးခါး said...

မကြယ်တို့ ချစ်တတ်ပုံများနော် ..း)
အိပ်မက် ဘ၀ခရီးလမ်း မကြမ်းတမ်းပဲ ချောမွေ့ပါစေ

စိုင်းစိုင်းလားရှိုး said...

ကိုဆိုတဲ့ ပုဂ္ဂိုလ်ရေ ရေတစ်ခွက်သောက်ရလို့ကတော့ ကြိတ်လိုက်စမ်းပါဗျာ..........

မိုးစက်အိမ် said...

အိမ်မက်ဆိုး ကနိုးပြီလားဗျို. :D

မြစ်ကျိုးအင်း said...

အချစ်နဲ့အရာရာ အကောင်းတိုင်းဖြစ်စေမယ် ဆိုတဲ့ သီချင်းလေးကို သတိရမိတယ်..။
အဆင်ပြေချောမွေ့မှာပါ..။

Angel Shaper said...

မကြယ်ဖြူရေ....
ချစ်တတ်လိုက်တာနော်။ ဟိဟိ
ဘာပဲဖြစ်ဖြစ်ပေါ့. အိပ်မက်ဆိုးကလန့်နိုးရင်တော့
မောပန်းနေတဲ့ ရင်လေးငြိမ်းအေးဖို့ ရေတစ်ခွက် ကမ်းပေးတတ်သူလေး နဲ့  ပျော်ရွှင်ပါစေနော်။
( ဟဲဟဲ မထိတထိ ဖွသွားသည် )

yangonthar said...

ဟော လက်စသတ်တော့ ကျွန်တော့်အစ်မ ကြီးက ဒါတွေကို တွေးတော ခံစားပြီး ကဗျာတစ် ပုဒ် ကို အသာ ထုတ်လုပ်နေသကိုး စာသားတွေကတော့ လန်းတယ် ဗျို့ 
ချစ်သည်ထက် ချစ်နိုင်ပါစေ ဗျား .......
:P

မေလေး said...

မကြယ်တို့များ ချစ်တတ်လိုက်တာနော်။
ကန္တာရတွေ ကို အတူတကွ လက်တွဲ ဖြတ်သန်းလို့
အိုအေစစ်တွေမှာ အတူတကွ ပျော်ရွှင်နိုင်ပါစေ။

sweety said...

ရိုးရိုးလေးနဲ့ ကိုယ် သူ့အပေါ်ဘယ်လောက်ချစ်လဲဆိုတာ သူ့အနားမှာအမြဲရှိနေတယ်ဆိုတာ ဖွဲ့သွားတာအရမ်းကောင်းတယ်ဗျာ

လင်းကြယ်ဖြူ said...

ချစ်နိုင်သမျှချစ်ထားနော်...
အချစ်တွေ..အချစ်တွေ..ကဗျာ မှာ တွေ့နေရတယ်
ပျော်ပါစေ..ဘော်ဒါရေ

ဏီ(န်)ကင်း said...

သီချင်းလေးပါတင်ပေးသင့်တာဗျ....