18.8.09

ချစ်သူသို့(၉)


ချစ်သူ
အရင်တုန်းကတော့ အချစ်ဆိုတာဘဝရဲ့အစိတ်အပိုင်းသေးသေးလေးတစ်ခုပါဘဲလို့
ကြွေးကြော်တတ်တဲ့ကျွန်မ ရှင့်ကိုလွမ်းတတ်နေပြီ။
တစ်ယောက်ထဲနေရတဲ့ဘ၀မှာတွယ်တာစရာအဖော်ဆိုလို့ ရှင်ဝယ်ပေးခဲ့တဲ့မွေးပွရုပ်လေးနှစ်ရုပ်ရယ်၊
ခပ်စုတ်စုတ်ကွန်ပျူတာလေးတစ်လုံးရယ်၊
ချစ်သူတားမြစ်ထားတဲ့ ကော်ဖီခွက်လေးရယ်၊ ...
ကျွန်မအတွက် အိပ်ပျက်ညတွေရယ် ...
ချစ်သူကိုလွမ်းနေတဲ့အလွမ်းတွေရယ်
လွမ်းတိုင်းရေးဖြစ်တဲ့ ကဗျာအပိုင်းအစတွေရယ် ပဲ ရှိတော့တယ် ချစ်သူ...။
မှောင်မိုက်နေတဲ့အခန်းကျဉ်းလေးထဲမှာ
ချစ်သူဓါတ်ပုံကိုကြည့်ရင်း
အချစ်ဆိုတာဘဝရဲ့အစိတ်အပိုင်းသေးသေးလေးပါလို့.
ယုံကြည်မှုကင်းမဲ့တဲ့အသံနဲ့ ခပ်တိုးတိုးရေရွတ်ရင်း
ခပ်ပြင်းပြင်းကော်ဖီကို တရှိုက်မက်မက်သောက်ရင်း
နင့်နင့်သည်းသည်းလွမ်းနေတယ်ချစ်သူ.....

15 comments:

ဧရာဝတီသား said...

မမ ရေ အထီးကျန်မှုဆိုတာ ကို ချစ်သူနဲ့ ဝေးနေရသူတိုင်း ခံစားရပါတယ်။ လွမ်းတိုင်းရေး ဖြစ်တဲ့ ကဗျာအပိုင်း အစ လေးတွေ အပြင် မမ မှာ ခင်တွယ်စရာ ဘလော့ လေးရှိတယ်၊ မမ ကို ချစ်ခင်တယ့် ဘလော့ အသိုင်းအ၀ိုင်းလေး ရှိတယ်။ လွမ်းတော့ လွမ်းပါ မမ ရယ်၊ အရမ်းတော့ မကြေကွဲကြေးနော်၊ မမ မှာ ဝေးနေပေမယ့် သိပ်ချစ်တယ့် ချစ်သူရှိသေးတယ်လေ။ (သိပ်ခံစားရတဲ့ အခါမျိုးမှာ ချစ်သူနဲ့ ကွေကွင်းရတဲ့ ဘ၀ တွေရှိသေးတာကို သတိရလိုက်နော်။)
ခင်မင်လျက်

WWKM said...

လွမ်းနေတယ်လား ညီမလေးရေ.. လွမ်းခွင့်ရှိလို့ လွမ်းလို့ရတာလို့ဖြေနော်. တချို့ဆို လွမ်းချင်တာတောင် လွမ်းစရာ မရှိကြဘူးလေ. ;)))))

yangonthar said...

လွမ်းပင် လွမ်းရွက် လွမ်းလက် ညီညီ ကျနော့် မကြီးတစ်ယောက် ချစ်တတ်လှပေသည်။ မကြီး ရေ အတိုးချပြီးလွမ်းထား တွေ့ တော့မှ ဒီလို ဒီလို လွမ်းတယ်လို့  ပြော နော် ...... :D

မောင်ငယ် ရန်ကုန်

Unknown said...

chit loe lwan ter tot a pyit ma tin par wo..
ma lwan tat thu tway lae chit tat kya tal naw.. :)
sometime tot lae..lwan nay ya ter ko ka.. a c hit yae wi thay tha ta myo be` pot..ber be` pyit pyit ta yar win lwan kwin shi tal hote ! :D

DreamWorld2009 said...

ကျွန်မအတွက်တော့ အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့လည်း ဆိုနိုင်သလို... တစ်ဘဝလုံးလို့လည်း ဆိုနိုင်ပါတယ်...

မြစ်ကျိုးအင်း said...

အချစ်ဆိုတာ အစိတ်အပိုင်းသေးသေးလေးပါ ဆိုရင် အဲဒါ ရင်ခွင်ရဲ့ ဘယ်ဘက်အခြမ်းက နှလုံးသား တခုစာ လောက်ပဲ ရှိမှာပါ...။

ဒါပေမယ့် သူမရှိရင်လည်း.........

မြစ်ကျိုးအင်း said...

အချစ်ဆိုတာ အစိတ်အပိုင်းသေးသေးလေးပါ ဆိုရင် အဲဒါ ရင်ခွင်ရဲ့ ဘယ်ဘက်အခြမ်းက နှလုံးသား တခုစာ လောက်ပဲ ရှိမှာပါ...။

ဒါပေမယ့် သူမရှိရင်လည်း.........

မေလေး said...

သူငယ်ချင်းရယ်
မမဝါ ပြောသလိုပါဘဲ လွမ်းခွင့်ရှိလို့ လွမ်းရတာဘဲဟယ်။ နာ့ဆို လွမ်းခွင့်မရှိဘူးဟ(အနားမှာ ရှိနေလို့။ ကြေငြာဝင်သွားသေး)။

တစ်ခါတစ်လေတော့လဲ အနီးမှာ ချစ်နေတာထက်
အဝေးက လွမ်းနေရတာလဲ အရသာတစ်မျိုး သူငယ်ချင်းရေ။
လွမ်းခွင့်လေး ရှိတုန်းလွမ်းသာလွမ်းပါ

မယ့်ကိုး said...

ကြယ်ဖြူလေးရေ...ကဗျာလှလှလေး လာဖတ်သွားပါတယ်။
အလွမ်းမဲ့ ပျော်ရွှင်ပါစေ...(နောက်လည်း ရေခတ်တိုက်ဦးမယ်နော် :P)

ချစ်ခင်စွာ...

Anonymous said...

ဒီကဗျာလေး ကို ရောင်လည်း အရမ်းကြိုက်တယ် ကြယ်ရယ်။ လွမ်းရတဲ့ ရက်တွေ ကုန်တော့မှာပါ သူငယ်ချင်းရယ်။

Angel Shaper said...

မမကြယ်ဖြူရေ....
အလွမ်းလေးတွေ အလွမ်းလေးတွေ နဲ့ ပဲလားဟင်။
ပုပ်သိုးသွားဦးမယ်နော်။ မီးအားကောင်းတဲ့ ရေခဲသေတ္တာထဲ ထည့်သိမ်းဦး။ ဟိဟိ
အလွမ်းနဲ့ ဝေးပြီး ပျော်ရွှင်ပါစေနော်။

Unknown said...

အော်...

တို့လည်းထပ်တူပါပဲကွယ်...

Bigbag သီချင်းလေးကို ရွတ်နေမိတယ်...
လမ်းကြုံရင်ပြောပေးကြပါ... ကျနော့်ရဲ့အိပ်မက်တွေမှာ သူ့ရဲ့ပုံရိပ်တွေ ခြောက်လှန့်လို့နေတယ်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

Lynn htet said...

အလွမ်း shows the existence of အချစ်,and survival of it,And so by continuation of your အလွမ်း ,.................

ပုံပုံ said...

အမရေ
အမကဗျာလေး က လွမ်း နေ တဲ့ သူ အတွက်တော့ တကယ် ထိ တယ် အရမ်း ကောင်း တယ် အမ ရယ်
ခင်တဲ့ ပုံပုံ :D

ဏီ(န်)ကင်း said...

လွမ်းတာကိုတော့စာနာပါတယ်။ဆွေးတော့မနေနဲ့ဗျ. ကြာရင်လူပါဆွေးသွားလမ့်မယ်...