ချစ်သူ....
ချစ်သူတွေဆိုတာ အရင်းနှီးဆုံး
နှလုံးသားတစ်စုံ..
ရင်ခုန်သံခြင်း ထပ်တူညီသူနှစ်ဦး
ခံယူချက် သဘောထားခြင်း
တိုက်ဆိုင် နားလည်သူနှစ်ဦး
သံယောဇဉ် တွေနဲ့
တစ်ဦးကိုတစ်ဦး ချည်နှောင်
ရစ်ပတ်ထားသူနှစ်ဦး
ချစ်သူဆိုတာ
ချစ်နေယုံနဲ့မပြီးသေးပါဘူး
တစ်ယောက်ကိုတစ်ယောက်
ယုံကြည်နားလည်ပြီး
သစ္စာရှိကိုဖို့သာလိုပါတယ်
ချစ်သူနဲ့
ဘယ်လောက်ဘဲ ဝေးနေပါစေ
ရင်ထဲကချစ်နေဖို့ကသာအဓိကပါ..
တစ်ယောက် တစ်နေရာ
ရှိနေခဲ့ပေမယ့်လည်း
စိတ်ထဲမှာ အမြဲရှိနေခဲ့တာပါ.
အနေဝေးနေခဲ့ပေမယ့်လည်း
စိတ်ချင်းကတော့
အမြဲနီးနေခဲ့တာကိုတော့
ထပ်တူကျတဲ့နှလုံးသားတစ်စုံက
သက်သေပါ..
(5-9-09) တစ်နှစ်နဲ့ခြောက်လပြည့်အမှတ်တရလေးပါ...
လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်
5 years ago
11 comments:
မိုင်ပေါင်းတွေခြားနေပေမယ့် အစ်ကိုနဲ့ အစ်မကြား ဆံခြည်တစ်မျှင်မှတောင်
မခြားပါလား ဆိုတာ ကဗျာလေးဖတ်ပြီး
ကြည်နူးရပါတယ်
ခင်သော
မောင်ငယ် ရန်ကုန် :D
မမ ရေ၊ အမြန်နီးပါစေဗျာ။ ထပ်တူကျတဲ့ နှလုံးသား တစ်စုံကိုလည်း လေးစားပါတယ်။
ခင်တဲ့
အမြန်ဆုံးနီးပါစေ သူငယ်ချင်းရေ.....
ကဗျာထဲမှာ ခံစားချက်တွေက အပီအပြင်ပဲဗျာ။ ကိုယ်ချင်းစာပါတယ်။ သေချာတာပေါ့နော် နားလည်မှု ယုံကြည်မှုတွေက အရေးကြီးတယ်နော်။
ခင်မင်လျှက်
ညီမလေး ပါးလုံး
ကဗျာလေး ဖတ်ပြီး တောင်းဆုချွေလိုက်တယ်။
အကြောင်းကြောင်းကြောင့် ဝေးနေရတဲ့ ချစ်သူတိုင်း အမြန်ဆုံးနီးစပ်လို့ 
ချစ်သူတိုင်း ပျော်ရွှင်စွာ ထာဝရ ချစ်နိုင်ကြပါစေနော်။
မမကြယ်ဖြူလဲ အမြန်ဆုံး ချစ်တဲ့သူနဲ့  ပျော်ရွှင်နိုင်ပါစေ။
သူများတွေနီးပါစေဆိုလို လိုက်ဆုတောင်းပေးပါတယ်ဗျာ....။
ကဗျာလေးကကောင်းလိုက်တာ ထပ်တူကျတဲ့ နှလုံးသားတစ်စုံသက်သေတည်မြဲပါစေ။
မလတ်ရေ လွမ်းနေပြီလားဗျ
မကြာခင် ဆိုတဲ့ အချိန်လေးစောင့်ပါလေ
အချိန်တွေကုန်တာမြန်လိုက်တာ
မလတ်တို့ တောင် တစ်နှစ်နဲ့ ခြောက်လပြည့်သွားပြီ
ပြန်ဆုံမယ့်အချိန်ကျရင်သာ တစ်အားပျှော်နေလို့ 
ဘာမှကို မှတ်မိမှာမဟုတ်ဘူးနော်
အဟတ်
The basic is need to know , Love is unbelievable, Understanding and Faith is essential,and Un separated heart is incredible,and so How cant be forever from one year and six month.
အမှတ်တရနေ့လေးမှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ထပ်တူကျတဲ့ နှလုံးသားလေးကို ပိုင်ဆိုင်နိုင်ကြပါစေ
မကြယ်ရေ
မကြယ်နဲ့ မကြယ်ချစ်သူတို့ နှစ်ယောက်လုံး ဘ၀တခုကို အသာယာဆုံးဖြစ်အောင် တည်ဆောက်နိုင်ပါစေ
ပျော်ရွှင်ပါစေနော် ..း)
“အနေဝေးနေခဲ့ပေမယ့်လည်း
စိတ်ချင်းကတော့ အမြဲနီးနေခဲ့တာ”
အဲဒါကိုယုံယုံကြည်ကြည် လက်ခံပါတယ်။
ပြန်ဆုံချိန်ရောက်လာမှာပါလေ။
Post a Comment