ကြည်စင်လှပ
အိပ်မက်တစ်ခုမှ
အချစ်ကိုတွေ့
ရင်ထဲမမေ့ပြီ..။
တစ်သက်တစ်ချစ်
တစ်မေတ္တာလို
ဘဝအတွက်
သတ်မှတ်ထားလည်း
လောကဆရာ
ကံကြမ္မာကြောင့်
(မင်းနဲ့တို့တွေ)
ကံခေခဲ့ပြီ..။
နှလုံးသားထဲ
စွဲမြဲခဲ့လည်း
ပေါင်းစည်းမဖြစ်
အခြေအနေသစ်ကြောင့်
(ချစ်လျက်နှင့်ပင်)
အဆက်ဖြတ်ခဲ့ရပြီ...
တကယ်ဆိုရင် အချစ်ဆိုတာ သေချာတာတော့ဘဝနဲ့ တခြားဆီဘဲ အရာရာရင်ဆိုင်သွားချင်လည်း စိတ်ကူးထဲကလောက်မလွယ်ဘူး..ယုံကြည်မျှော်လင့်ခြင်းတွေလည်း
တကယ်တမ်း လက်တွေ့တော့မလွယ်ဘူး...
ဒီကဗျာလေးက နောက်ဆုံးကဗျာလေးဖြစ်မှာပါ...နောက်ဆိုရင် ချစ်သူသို့ဆိုပြီးကဗျာလေးတွေ
ရေးဖြစ် တော့မှာမဟုတ်ပါဘူး..ဘလော့လေးကိုတော့ အမှတ်တရအဖြစ်ရှိနေဦးမှာပါ..
မမဝါရဲ့တက်ပို့ကိုမရေးနိုင်တဲ့အတွက်ခွင့်လွှတ်ပေးပါနော်..အရာရာအားလုံးကိုပြည်ဖုံး
ကားချချင်လို့ပါ...အရာရာအားလုံးကပြီးဆုံးခဲ့ပါပြီ..
လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်
5 years ago
26 comments:
အမရေ ဘာမှမရေးချင်တောင် ရေးချင်တာလေးတွေ
ရေးသင်.တာလေးတွေ မျှဝေချင်တာလေးတွေရှိရင်တော.
ဆက်လက်ရေးနေပါလို. ဘဲတောင်းဆိုလိုက်ပါတယ်ဗျာ...
အဆင်ပြေ ပျော်ရွှင်နိုင်တဲ. ဘ၀ ပိုင်ဆိုင်ပါစေဗျာ ...
မမ ရေ၊ ဘာဖြစ်သွားတာလဲ ဟင် ...
စိတ်မကောင်းဘူး၊ ဘာမှ မပြောတတ်တော့ဘူး :(
ခင်မင်လျက်
မလတ်ရေ
ဘာမှတော့မပြောတော့ပါဘူးနော်
ဒီလိုပါပဲ ဘဝ ဆိုတာကြီးက
နားလည်သဘောပေါက်လာရင် ဖြေသိမ့်တတ်မှာပါ
မရေးပဲနဲ့ တော့မနေပါနဲ့ နော်
တစ်ဦးတစ်ယောက်ကြောင့် အားလုံးနဲ့ ခွဲခွာဖို့ အထိမဆုံးဖြတ်ပါနဲ့ နော် မလတ်
ရင်ထဲသည်းထဲကနေ
ခံစားသွားပါတယ်ဗျ
ဘ၀မှာ ပိုင်ဆိုင်မူဆိုတာ ကံတရားအပေါ်မှာသာ မူတည်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဘလော့လေးကိုတော့ အဆင်ပြေရင် ဆက်ရေးဖို့ တိုက်တွန်းပါတယ်။ လိုအပ်မူမှန်သမျှ အမြန်ဆုံး ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ဗျာ
လေးစားလျက်
တောင်ပေါ်သား
မကြယ်ရေ
ဘယ်လို အကြောင်းတွေကြောင့်ဆိုတာ မသိပေမယ့် အဆင်ပြေစေချင်တယ်
ပျော်နေစေချင်တယ်
စိတ်ချမ်းသာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော် ..
အခြေအနေသစ်ကြောင့်
(ချစ်လျက်နှင့်ပင်)
အဆက်ဖြတ်ခဲ့ရပြီ...
စာသားလေးကကောင်းလိုက်တာဗျာ..
အဆင်ပြေပါစေနော..
အင်း.. အချိန်မတိုင်ခင်မှာ တဖက်လူရဲ့အားနည်းချက်ကလေးတွေကို သိရတော့
ညှိယူသင့်တာညှိယူရပါမယ် ညီမလေးရေ။
ပြတ်လောက်စရာ အကြောင်းမဟုတ်ရင်တော့ မပြတ်စေ
ချင်ပါဘူးလေ။
နှစ်ယောက်သား ညှိယူကြပြီးမှ ကိုယ်လက်မခံနိုင်တာ သူ
ဆက်လုပ်နေရင်တော့ ပြတ်သားသင့်ရင် ပြတ်သားရမှာ
ပေါ့နော်။
ဒါဟာ ညီမလေးဘ၀အတွက် အချိန်မလွန်ခင် ညီမလေး
ဘက်က မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုပါပဲလေ။
မှန်ကန်စွာရွေးချယ်နိုင်ပါစေ ညီမလေးရေ။
ခွင့်လွတ်သင့်တဲ့ အကြောင်းအရာဆိုရင်တော့လည်း
နားလည်ခွင့်လွတ်မှုတွေနဲ့ ခိုင်မြဲတဲ့ အချစ်တစ်ခုကို
တစ်သက်လုံးလက်တွဲပြီး တည်ဆောက်နိုင်ပါစေ လို့။
ချစ်တဲ့
မမ၀ါ
ဖတ်သွားပါတယ်ခင်ဗျာ။ မှတ်ချက်တော့ မပေးသွားတော့ပါဘူး။ ဘ၀သစ်မှာ အဆင်ပြေပါစေ။း)
မကြီးဘာဖစ်တာလဲ ..... ????
I don't know, what i should say,how it will become.But i only want to continue your blog and your life with strength,whatever you face .Blog create with your love ,but your blog creates your blogger friends.Why you left your blog reader???????????
ဒီမှာလဲ ပြည်ဖုံးကားချမဲ့သူနဲ့ပါလား။။။
ဘယ်လိုဖြစ်ကြတာလဲဟင်။။
မရေ... ဘ၀ရဲ့ မနက်ဖြန်တိုင်းမှာ ပျော်နေပါစေနော်။
အဆင်ပြေပါစေ။ သတိရနေပါတယ်။။။
အော်... ဘလော့ဂါလေးတွေ ဘာတွေဖြစ်နေကြပါလိမ့်နော်။
ကိုမြစ်ကျိုးကြီးလဲ ပျောက်သွားပြီ။ ခု ညီမလဲ နှုတ်ဆက်တယ်ဆိုတော့.. ခက်ကုန်ပြီ။
အယ် အခုတလော ဘာတွေဖြစ် ပြီးမယ်ဆိုတာကြီးပါပဲလားနော်။ မမရေ ဘာတွေဖြစ်လည်းဗျ။ ပျော်ရွှင်ပါစေဗျာ။
ခင်မင်လျှက်
ညီမလေး ပါးလုံး
သူငယ်ချင်း ဘာတွေဖြစ်ကုန်တာလဲ။ ရောင် နားမလည်တော့ဘူးနော်။
ရောင့် ဘ၀လိုမျိုး မဖြစ်စေချင်ဘူး။ ရောင်အမြဲတမ်း ဆုတောင်းပေးဘူးတယ်။ ချစ်သောသူနှင့် ကွေကွင်းရခြင်းမှ ကင်းဝေးကြပါစေလို့။
အဆင်ပြောပါစေ သူငယ်ချင်းရယ်..
ချစ်တဲ့ရောင်
သူငယ်ချင်း ဘာတွေဖြစ်ကုန်တာလဲ။ ရောင် နားမလည်တော့ဘူးနော်။
ရောင့် ဘ၀လိုမျိုး မဖြစ်စေချင်ဘူး။ ရောင်အမြဲတမ်း ဆုတောင်းပေးဘူးတယ်။ ချစ်သောသူနှင့် ကွေကွင်းရခြင်းမှ ကင်းဝေးကြပါစေလို့။
အဆင်ပြောပါစေ သူငယ်ချင်းရယ်..
ချစ်တဲ့ရောင်
ဂွီ... ဘီလိုဖစ်ဒါတုန်း.. တကယ်ရောမေ့နိုင်လို့လားဗျာ.....။
ဟောဗျာ..
ဘယ်လိုဖစ်ပါလိမ့်..
အစစ အရာရာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..
သြော် . . .
အချစ် ဆိုတာ . . .
ရသ အမျိုးစုံပဲနော် . . .
ဘာပဲဖြစ်ဖြစ်
ဆုတောင်း ပေးပါတယ် ..
အေးချမ်းမေ ရဲ့
တစ်စစီ ကျိုးပဲ့နေပြီ ကနေ
အမြန်ဆုံး ပြေပျောက် နိုင်ပါစေ ...
စိတ်မကောင်းဖြစ်မိတယ် တကယ်ပါ ချစ်လျှက်နဲ့ ခွဲရမှာဆိုတော့..........
အားပေးလျှက်
သမီးပျို
မကြယ်
မကြယ် စိတ်ထဲမှာ ခံစားနေရတာတွေ ပပျောက်ပြီး ဘုရားအရိပ်မှာ အေးချမ်းစိတ်ချမ်းသာတဲ့ ဘဝလေးကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်
ကဗျာလေးကို ဖတ်ပြီး စိတ်မကောင်းပါဘူး။ ဒါကြောင့်လူကြီးတွေကပြောတာ။ အချစ်ဆိုတာပူလောင်တယ်တဲ့။
စိတ်မကောင်းဘူးကွယ်...ဒါပေမယ့် အဆင်ပြေပျော်ရွှင်အောင် နေတတ်သူဖြစ်ပါစေ လို့ဆုတောင်းမယ်နော်..
ကဲ ကဲ ကောင်းမလေး
ဘာပဲဖြစ်ဖြစ် လုံးဝစိတ်ဓာတ်မကျနဲ့။
အကောင်ဆုံးဖြစ်အောင်တော့ စဉ်းစားတက်တဲ့
ဦးနှောက်တော့ ကျန်နေအုံးမယ်လို့ ထင်တယ်။
အကောင်းဆုံး ဖြစ်အောင် ဆုံးဖြတ်ပါ။
ဖြစ်လာသမျှ လက်ခံတက်အောင်လည်း
ကြိုးစားပါ။
ဘာပဲဖြစ်ဖြစ် စိတ်ဓာကျသွားမှာကိုတော့
စိုးရိမ်မိတယ်။
ခင်တဲ့ ကိုရီနို
ညီမကြယ်ဖြူစင်ရေ
ဒါက ချစ်သူသီချင်းရဲ့လင့်လေးပါ။
http://www.fileden.com/files/2009/8/15/2544891/01-Chit%20Thu.mp3
ဒါကိုအရင်ဖွင့်
ပြီးရင် အကယ်လို့ firefox သုံးရင်
င်္အပေါ်ဆုံးထောင်က file နေရာမှာ
save page as ဆိုတာလေးသာနှိပ်လိုက်ညီမရေ။
အချိန်အားရင် တခွေလုံးကို media fire မှာဒေါင်းထားပေါ့။
http://www.mediafire.com/?5tzzhf2dhru
ဒါမှ မရသေးရင် Megauplodeကနေ ယူပါ။
http://www.megaupload.com/?d=ZAYU0P4P
သီချင်းလေးတွေ နားထောင်ရင်းပျော်ရွှင်ပါစေကွယ်။
ရော်....သူငယ်ချင်းက စိတ်ဓာတ်တွေကျနေပါလား.. ဟင့်အင်း..စိတ်မကောင်းဖြစ်နေတာ... မဟုတ်လောက်ပါဘူး.... ၀မ်းနည်းနေတာ... ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ... စာတွေရေးတာ၊ ကဗျာတွေခံစားတာ ၊သင့်အနုပညာကို သင်တန်ဖိုးထားပါ သူငယ်ချင်း... ငါတို့အားလုံး...စောင့်နေမှာပါ
ဏီ(န်)ကင်း
Post a Comment