ဆောင်းစက်ပျို နန်းတော်ရာမှာ
" ပန်းမဉ္ဖူ " ယွန်းယွန်းဟာ ကဗျာကိုသွန်းတဲ့ 
နှစ်ချို့ ရာဇ၀င်များကိုတူးဖော်ရင်း
" စင်ဒရဲလား " ' က ' ကြိုး ' က ' ကွက်များနဲ့ 
အာရုံဦးသူရဲကောင်းကို ဗျက်စောင်းတစ်လက်နဲ့ ကြိုဆိုတယ် . . . . .
ကနုတ်တစ်ချက်ရဲ့ စုတ်ချက်တွေမှာ
အက္ခရာတွေ အစီအရီ ဖြန့် ကျဲထားတယ်
ရှေးဟောင်းရင်ဘတ်ရဲ့  " လှို့ ဝှက်ကျောက်စာ " ဟာ
အက်ကြောင်းရာကြောင့် တန်ဖိုးအားဖြင့်လျော့မသွားဘူး . . . . .
တစ်ခြမ်းပဲ့ ဝတ်မှုန်လေး လွင့်မျောမသွားဖို့ 
ကဗျည်းဖြူ ပိတ်ရောင်ပါးပါးမှာ
စကြာဝဋ္ဌာ ရဲ့  အမြင့်ဆုံးလမ်းကိုဖောက်
သံလွင်ခက်ကိုဆောင်းရင်း မိုးမလင်းခင်အိမ်မက်ချိုချိုမှာ
ပထမတန်းစား အချစ်သူရဲကောင်းတံဆိပ်တွေ အခါခါရခဲ့ တယ် . . . . .
အညောင်းမိနှလုံးသားရဲ့ ခံစားမှုသိုက်စာမှာ
' ရေ ' ' မြေ ' ' နေ ' ' လ ' တွေကွယ်ပျောက်နေပေမဲ့ 
" ကြယ် "တစ်လုံးရဲ့  အ" ဖြူ " ရောင်သစ္စာမှာတော့ " စင် " ကြယ်တဲ့ 
သမုဒ္ဒရ ၀ိရောဓိလေးများဟာ မှိတ်တုတ် မှိတ်တုတ် လင်းလက်လျက် . . . . .
ဆည်းဆာဝင်ရိုး စောင်းကြိုးနက်ချိန်
သိုးဆောင်းတစ်လက်ရဲ့  " ဧ က ရီ စာ " လွမ်းချင်းမှာ
ကြည်နူးဖူးတဲ့  လမ်းအိုဟောင်းလေးပါခဲ့ ဖူးတယ်
မဟူရာညမှာ မှည့်တဲ့  အလင်းနှစ်သန်းပေါင်းများစွာဟာ
မိုးသောက် သောင်ပြင်မှာ ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ် သီကြူးနေတယ် . . . . .
လွင်တီးခေါင်ပြင်က အလွမ်းတယောသံအဆုံး
ဂီတာ တစ်လက် ကြိုးပြတ်သွားသလို
အမြဲစိမ်းဂီတ ရဲ့  ကာရန်မဲ့  ယဉ်ကျေးမှုမှာ
မြို့ ဟောင်းတစ်လက် ပုံမပျက်ရှိခဲ့ တယ်
" လေရူးသုန်သုန် " မှာ" ဗီးနပ်(စ်) " ပေးတဲ့  အဖြူရောင်တောင်ပံတစ်စုံဟာ
" ဂျူးလိယက် " အတွက် စွယ်တော်ပင်ရိပ်အိုက " လ၀န်းပျို " ဖြစ်ပါစေ . . . . .
ဘလော့လောကမှ အနားယူသွားသော အမကြယ်ဖြူစင် က မွေးနေ့ လက်ဆောင်ကဗျာပေးပါရန်တောင်း
ဆို လာသဖြင့်အတတ်နိုင်ဆုံးရေးဖွဲ့ ပေးလိုက်ပါတယ် . . . . . ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေခင်ဗျာ
မောင်လေးမိုးစက်အိမ်ရဲ့မွေးနေ့လက်ဆောင်ကဗျာလေးကို အရမ်းကြိုက်လို့ ဘလော့မှာတင်လိုက်တာပါ..
လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်
5 years ago
15 comments:
မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီမ။
မွေးနေ့ကစပြီး ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ဘလော့ဂ်လောကက တကယ်ဘဲ အနားယူတော့မှာလား။
ဖြစ်နိုင်ရင် တစ်လ တစ်ပုဒ်လောက် တင်ပေးရင်တောင် အဆင်ပြေပါတယ်။ လုံးဝတော့ အနားယူမသွားပါနဲ့လို့ တောင်းဆိုပါတယ်။
ပျော်ရွှင်ကြည်နူးနိုင်ပါစေ။
ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ ..း))
ဆန္ဒတွေ အမြန် ပြည့်စုံပါစေ ..း))
ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာလေး ဖြစ်ပါစေဗျာ... =)
မွေးနေ့မှသည် ဘ၀ တစ်လျှောက်ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ..။
ငါ့ညီမ လိုရာပန်းတိုင်ကို အမြန်ဆုံး လျှောက်လှမ်းနိုင်ပါစေ
အစ်မရေ ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ။ ပျော်ရွှင်ဖွယ် မနက်ဖြန် များစွာလည်း ရရှိ ပိုင်ဆိုင်နိုင်ပါစေ ...
ဘယ့်အတွက်ကြောင့် အနားယူရပါသနည်း...း)... အဆင်ပြေပျော်ရွှင်ပါစေ...
ံHappy Birthday ပါညီမရေ။ ညီလေးမိုးစက်ရဲ့ကဗျာလေးကို သူဆီမှာတည်းက ဖတ်ရတည်းက သဘောကျနေတာဗျာ။
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ညီမလေးရေ။
ပျော်ရွှင်ဖွယ်မွေးနေ့မှသည် ညီမချစ်သောကိုကိုနဲ့ တသက်လုံး မခွဲမခွါ ပေါင်းဆုံ လက်တွဲနိုင်ပါစေကြောင်း။
ချစ်သော
မမ၀ါ
ညီမလေး ကြယ်ရေ
ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ ..း))
ဆန္ဒတွေ အမြန် ပြည့်စုံပါစေ ..း))
ကိုရီနို
Happy Birthday မကြီး :) ပျော်ရွှင်သောမွေးနေ့ 
မင်္ဂလာလေး ဖြစ်ပါစေဗျာ . . .
ံHappy Birthday ...ပါ...
အဖြူရောင် ကြယ်ကလေး ရေ....
မွေးနေ့မှာပျော်ရွှင်ပါစေ မကြယ်ဖြူစင်ရေ.။ ဘာဖြစ်လို့အနားယူတယ်ဆိုတာမသိပေမဲ့. မခင်မင်လိုက်ရသေးပဲ အနားယူသွားတော့မယ်ဆိုတော့ စိတ်မကောင်းပါဘူး.။ ဖြစ်နိုင်ရင် ဆက်ရေးပါလို့ ပြောချင်ပါတယ်.။
ခင်မင်တဲ့
ညီညီ
Wish you many happy return of the day!!!
ယနေ့မှစလို့ အေးချမ်းသယာ မှု အပေါင်းနဲ့
လှမ်းလျှောက်တဲ့ ခရီး မှာ ကြံတိုင်းအောင်လို့
ကောင်းသော လိုရာတွေ ပြည့်ဝပါစေ ခင်ဗျာ..
ပျော်ပါစေ
အော်...သူငယ်ချင်းရယ်..စာမရေးတော့ဘူးဆိုတော့စိတ်မကောင်းပါဘူး... ကဗျာလေးကအရမ်းလှတယ်... ဂရိကိုအလည်သွားလိုက်ရသလိုပဲ...ခံစားမှုတွေဖြစ်သွားတယ်
Post a Comment