13.4.09

ချစ်သူသို့(၄)


ချစ်သူ….
သစ္စာတရားဆိုတာ
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
မှန်နေတဲ့ အမှန်တရားတစ်ခု မဟုတ်လား.. ..

ဒါဆို..
မှန်ကန်တဲ့ သစ္စာတစ်ပုဒ်
ချစ်သူ.. ကို ပြောပြမယ်နော်...

တနေ့ တနေ့ ..
ဘယ်အချိန်မှာမှ ဆုံဆည်းရမယ်မသိတဲ့
ချစ်သူကို မှန်းဆတမ်းတရင်း
မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေတာ သစ္စာတစ်ပုဒ်ပါ….။

မျှော်လင့်ချက်တွေ သိပ်မရှင်သန်စေဖို့ 
ပြောတတ်တဲ့ချစ်သူကို နားလည်မျှော်လင့်ရင်း
ချစ်မိနေတာလဲ သစ္စာတစ်ပုဒ်ပါ…..။

ပြန်ဆုံနိုင်မယ့်ကံကို တမ်းတရင်း
မျှော်လင့်ချက်ကင်းမဲ့စွာ. .
ဆုတောင်းစောင့်စားနေတာလည်း သစ္စာတစ်ပုဒ်ပါ ချစ်သူရယ်..။

ဒီသစ္စာတွေနဲ့ အတူ
ရယူလိုခြင်းကင်းပြီး
နားလည်ယုံကြည်ခြင်းများစွာဖြင့် ..
မျှော်လင့်ချက်မဲ့နေပေမယ့် လေးနက်တဲ့ချစ်ခြင်းတွေနဲ့ သစ္စာက
အဓိကသစ္စာတစ်ပုဒ်ပါ ..
ထာဝရ.. ခိုင်မြဲမယ့်အချစ်တွေနဲ့ 
သေတစ်ဖန်သက်တစ်ဆုံး..
နားလည်မှုကိုယ်စီနဲ့  ကြင်ကြင်နာနာ
မင်းအနားမှာနေခွင့်ရှိချင် တယ်.. ချစ်သူရယ်…

ဘယ်လောက်ပဲ အလည်တွေလွန်နေပါစေ..
တနေ့ နေ့  နွေးထွေးငြိမ်းချမ်းတဲ့ ဒီအိမ်ကလေးကိုတော့..
အလိုက်တသိနဲ့  ပြန်လာပေးပါ.. ချစ်သူရယ် ...
ဒီကောင်မလေး စောင့်မျှော်နေမှာပါ...

မုန်းလို့ ဝေးကွာသွားတာမဟုတ်ပါဘူး.. .
ကံကြမ္မာက တို့ နှစ်ယောက်ကို
ပေါင်းစည်းခွင့် မပေးခဲ့တာပါ...။
ရက်စက်တဲ့ ကံကြမ္မာကြောင့် မင်းနဲ့ တို့ 
ဝေးခဲ့ရပေမယ့်.. ကိုယ့်ရင်ထဲက
မင်းတစ်ယောက်ထဲပိုင်တဲ့
နေရာလေးတစ်ခုကိုတော့ မင်းကစိုးမိုးဆဲပါချစ်သူ.. .။

5 comments:

mgnge said...

အဟမ်း အဟမ်း
အမ နော် အမ
ဇါတ်လမ်း ပြန်စလာြ ပီ...။

ဆုံဆည်းနိုင်ပါစေဗျာ..။
ကျွန်တော့အမတစ်ယောက် ဆန္ဒတွေ ပြည့်စုံနိုင်ပါစေ ..။

သင့်ရဲ့
မောင်လေး

တီချမ်း said...

အင်း ဘာပြောရမလဲတောင် မသိတော့ဘူး
ငိုချင်အောင်သူလုပ်ပြန်ပြီ နော်
ဟွန့်

yehtutnaung said...

သစ္စာတွေနဲ့ ဝန်းရံလို့ ...
prettyster ဆိုတဲ့ အဖြူရောင်ကောင်မလေးရေ..
နှင်းပွင့်လေးတွေနဲ့ အတူ
နှစ်သစ်မှာ အချစ်သစ်တွေနဲ့ 
ပျိုးစံပါစေ။

Unknown said...

အချိန်တိုင်း စက္ကန့်တိုင်းကို စိုးမိုးထားတာဗျ....

ဘယ်သွားသွား ဘာလုပ်လုပ်....
စိုးရိမ်စိတ်တွေကိုလည်း သူပဲပေးတယ်....

သတိရတယ်ဗျာ.... မလှပခဲ့တဲ့နေ့ရက်တွေကို.....

အေးချမ်းပါစေဗျာ....

ဆောင်းနှင်းရွက် said...

ပြန်ဆုံနိုင်မယ့်ကံကို တမ်းတရင်း
မျှော်လင့်ချက်ကင်းမဲ့စွာ. .
ဆုတောင်းစောင့်စားနေတာလည်း သစ္စာတစ်ပုဒ်ပါ ချစ်သူရယ်..။
အရမ်းကြိုက်တယ် ..>>>