23.4.09

ခွင့်လွှတ်နေမယ့်သူ


ချစ်သူ....
တခဏတာလေး တွေ့ရပေမယ့်
တစ်ဘ၀စာ မင်းကိုငါ.. ချစ်ခဲ့တယ်။
ချစ်သူ.....
မင်းနှုတ်ကပြောတဲ့စကား
အားလုံးကို အဟုတ်ထင်ပြီး ငါ... ယုံခဲ့တယ်။
ချစ်သူ....
မင်းရဲ့ကြင်နာမှုတွေကို
ကလေးတယောက်လိုငါ.. စွဲလန်းခဲ့တယ်။
ချစ်သူ.....
မင်းနှုတ်ကစကား
ကြင်နာမှုတွေအားလုံးဟာ
အမှန်တွေမှ ဟုတ်ရဲ့လားလို့ ငါ.. သံသယ၀င်ခဲ့တယ်။
ဒါပေမယ့် ချစ်သူ
အရာအားလုံးဟာ
လိမ်ညာမှုတွေဖြစ်ခဲ့ရင်တောင်
မင်းကိုချစ်တဲ့စိတ်တခုကြောင့်
နှလုံးသားမှာ
ဒဏ်ဖြစ်လဲ ငါ.... ကျေနပ်တယ်။

ခံစားနေရတဲ့ဝေဒနာနဲ့ကွက်တိဖြစ်တဲ့ကဗျာလေးကိုပေးတဲ့ blog အကို ကိုကျေးဇူးများကြီးတင်ပါတယ်...

7 comments:

တီချမ်း said...

စဉ်းစားနေတာ
ဘာမန့်ရမလဲမသိလို့
စီလင်းဒီယွန်ရဲ့ သီချင်းတပုဒ်ကို သွားသတိရတယ်
English လိုက to love u more တဲ့
တီ သတိရတာ က ပြင်သစ်လိုအပုဒ်
pour que tu m'aimes encore
နောက်တခေါက်ချစ်ခွင့်ပေးပါ လို့ပြန်ရင်ရမယ်ထင်တယ်
စာသားမှာက ပိုသနားစရာကောင်းတယ်
အဲမှာလဲအဲလိုပဲ
ကောင်မလေးက အရမ်းကို နစ်နစ်နာနာနဲ့ ချစ်ရှာတာ
အဲလိုဖြစ်ရတဲံ ကိုယ်တို့ မိန်းကလေးတွေ ဘ၀ ကို သနားတယ်
ကိုယ်ကိုယ်တိုင်လဲ ချစ်သူကို အောက်ကျနောက်ကျချစ်နေမိတော့လေ
တခါတခါ ကိုယ့်ကိုယ်ကိုယ်လဲမုန်းမိပါရဲ့

My Diary said...

မင်းကိုချစ်တဲ့စိတ်တခုကြောင့်
နှလုံးသားမှာ
ဒဏ်ဖြစ်လဲ ငါ.... ကျေနပ်တယ်။
Good Good

သူကြီးမင်း (တုံးဖလား) said...

ချစ်မိပြီဆိုကထဲက ခွင့်လွတ်နားလည်တတ်ဖို့ပါ ဒွန်တွဲပြီးသားပေါ့။

Anonymous said...

ကြယ်ရေ .... ဘယ်လိုပဲ ဖြစ်ဖြစ် တနေ့မှာ အချစ်စစ် အချစ်မှန်ကို သူနားလည် ခံစားနိုင်မှာပါ။

ပျော်ရွှင်ပါစေ
ခင်တဲ့
ရောင်

mgnge said...

ကော်ကော်ကော်ကော် လာယူပါမမ

အိုက်ခီလောက် said...

အင်းမကြယ်ရေ ကွဲနေလည်းဒီတိုင်းထားလိုက်တော့ ပြန်ဆက်နေရင်ပြန်ကွဲမှာပဲ အဟိ
ဒီတိုင်းလေးထားကာမှအလုပ်သက်သာသေးတယ်
အချွန်နဲ့ မသွားတယ်
ကြိုက်ပါတယ် မကြီးကြယ်


ခင်မင်လျှက်

စိုင်းစိုင်းလားရှိုး said...

ဒဏ်ရာ ဖြစ်လာမှတော့ ဘယ်ကောင်းတော့မလည်းနော့ တော်တော်ဆိုးတဲ့သူ ကြယ်ကို ဒဏ်ရာ ဖြစ်အောင်လုပ်တယ် ဘယ်ကောင်လည်းကွ ၊ တွေ့မယ် ဟင်း.....