1.4.09

မင်းမျက်ကွယ်ပြုတဲ့နောက်...


ရင်ခုန်သံအသေတွေ ဖြန့်ကျဲလို့
ငါလဲကျခဲ့ငါ့အိပ်ယာ တစ်မိုးလင်းလဲ
ငါ မိုးမသောက်နိုင်ခဲ့ဘူး။ အထီးကျန်မှု့နဲ့မှောင်တဲ့
ငါ့ညနေစံပါယ်တွေလည်းမမွှေးတော့ဘူး
ဇင်ယော်တွေလည်းမပျော်တော့ဘူး ဒီလိုနဲ့
မင်းမျက်ကွယ်ပြုတဲ့နောက်
ကြယ်တစ်စင်းမှမလင်းတဲ့ ငါ့ကောင်းကင်
လမ်းပျောက်သွားတာ မဆန်းတော့တယ်

5 comments:

ဖိုးစိန် said...

လမ်းပျောက်သွားတယ်လား..
ပိုးစုန်ကြူလေးတစ်ကောင်လောက်သာ ရှိလိုက်စမ်းပါ
ခရီးတစ်ခုလျှောက်နိုင်ပါသေးတယ်
အားတင်းထားပါနော်
ခင်တဲ့
ဖိုးစိန်

နှင်း said...

ဘယ်သူက မျက်ကွယ်ပြုတာလဲ...
သိချင်လို့...

mgnge said...

ဒဏ်ရာတွေကို မှတ်သားရလွန်းလို့
နေရာတစ်နေရာစာမှ မရှိတော့ပေမဲ့…
စိတ်ထဲမှာ ဗလာမှဗလာ ဖြစ်နေတဲ့အခါ… …
ရင်ထဲမှာ အရမ်းဟာတယ်…။

သင့်ရဲ့
မောင်လေး

အန်တီချမ်း said...

အားတင်းထားပါ ကြယ်လေးရယ်
ကိုယ့်ဘာသာ လင်းတောက်ပလိုက်လေ
ကောင်းကင်ယံမှာ ထိန်ထိန် ညီးပလိုက်
ကိုယ်တိုင်က ကြယ်ဆိုတာ တခါတခါ မေ့မနဲ့လေနော်

တနေ့တခါ သစ္စာ တွေ လာမနားထောင်ပဲမနေနိုင်ဘူး
နေ့တိုင်းလာတယ်နော်

ကြယ်ဖြူစင် said...

အားပေးကြတဲ့မောင်နှမတွေကိုအရမ်းဘဲကျေးဇူးတင်ပါတယ်..
အားတင်းထားပါတယ်..အကိုဖိုးစိန်...
မသိချင်ပါနဲ့တော့နှင်းရယ်..
ကဗျာလေးရေးပေးတဲ့မောင်လေးမောင်ငယ်ရေ..ဟာနေတဲ့ရင်နဲ့
ကဗျာလေးတွေဆက်ရေးဖြစ်နေဦးမှာပါ..
တီချမ်းရေ..ကြယ်လေးရဲ့အလင်းရောင်ကကောင်းကင်မှာ
ထိန်ထိန်မညီးနိုင်ဘူးလေး..အမှားတစ်ခုကြောင့်ကြယ်ကလေး
တစ်ပွင့်ကြွေသွားတော့လဲ...အရာရာအားလုံးဟာနဂိုအတိုင်းပါဘဲ
တီချမ်းရယ်။