အချစ်ဆိုတာ ချစ်နေဖို့တဲ့...
အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့...
အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းတဲ့...
အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကို
စိတ်ချမ်းသာအောင် ထားတာတဲ့...
ဘာတွေမှန်းမသိတော့တဲ့
အချစ်ရဲ့ ဖွင့်ဆိုချက်တွေ ကြားထဲမှာ
ငါကရော ဘယ်လိုခံယူချက်နဲ့ ချစ်နေတာလဲ...
ပေးဆပ်ခြင်းလား စွန့်လွှတ်ခြင်းလား...
သူပျှော်ဖို့ကျခဲ့ရတဲ့မျက်ရည်တွေကရော...
ချစ်သူကို အချစ်ကြောင့် စွန့်လွှတ်ဖို့လား---
အချစ်ကြောင့်ဘဲပိုင်ဆိုင်နိုင်အောင်ကြိုးစားမှာလား...
အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးဆို...
ဟား..ဘာတွေလဲ..ဘယ်လိုခံယူချက်မျိုးနဲ့လဲ...
သေချာတာတစ်ခုကတော့...
စွန့်လွှတ်ဖို့ဆုံးဖြတ်ရင်လည်း အချစ်ကြောင့်ဖြစ်ပြီးတော့...
ပိုင်ဆိုင်ရယူချင်တာလဲ.အချစ်သက်သက်ကြောင့်ဆိုတာ
ချစ်သူသိစေချင်ပါတယ်...
Greengirl ရဲ့ကဗျာလေးကိုဖတ်မိပြီး ခံစားရသလို ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်...
လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်
5 years ago
5 comments:
လူတွေက အမျိုးမျိုး ဖွင့်ဆိုနေကြတာပါ..
လူတွေရဲ့ အကြောင်းပြချက်အမျိုးမျိုးပေါ့...
ဘာပဲဖြစ်ဖြစ် ရိုးသားမှုပေါ် အခြေခံရင်တော့
အားလုံးက မှန်ကန်ပါတယ်..
အချစ် အကြောင့်ဆို ပါလား...။
တစ်ပုဒ်လောက် ရေးပေးဖို့ အကူအညီတောင်း မှနဲ့ တူတယ်....။
ထပ်ဆင့်ခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်မ။ :)
llwanthuyin ဆိုတာ GreenGirl ပါ အစ်မရေ။ မသိမှာ စိုးလို့နော် :)
အချစ်ဆိုတာပူလောင်တဲ့မီးတောက်ငယ်တစ်ခု..မည်သူမပြုမိမိမှု
စဉ်းစားကြည့်ပါအခု..
မေတ္တာသာ အေးမြတဲ့ စမ်းချောင်းငယ်တစ်ခု...
မေတ္တာများများထားနိုင်ပါစေ..
မုဒိတာများပွားနိုင်ပါစေ..
ချစ်တတ်ပါစေ
Post a Comment