တကယ်ဆိုရင်
ကိုယ်တို့ကြားက သံယောဇဉ်
ကိုယ်တို့အပြင် ဘယ်သူသိမှာလဲ
မင်းကိုချစ်တဲ့အချစ်တွေနဲ့
မင်းပေးခဲ့မယ့်
အလွမ်းတွေကလွဲလို့
ဘာမှမသိတဲ့ကိုယ့်ကို
လိုအပ်ရင် ပြန်လာပါ
မလိုအပ်ရင် ချန်ခဲ့ပါ
ကိုယ်ဟာ ..မင်းလိုအပ်ချိန်တိုင်းမှာ
အနားရှိနေချင်ပြီး... မင်းအတွက်ဆိုရင်
အမုန်းတွေ စာလုံးမပေါင်းတတ်တော့သူပါ....
ဖတ်မိတဲ့ကဗျာတစ်ပုဒ်ကို ခံစားရသလို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်..
လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်
5 years ago
3 comments:
လိုအပ်တယ်..သေချာတယ်..ပြန်လာခဲ့မယ်
အသစ်မဖြစ် အချစ်စစ်နဲ့ 
ဝေဒနာကဲ သေချာစွာပဲ
စောင့်နေမယ်...................။
မျှဝေခံစားသည်...။
သင့်ရဲ့
မောင်လေး
တိုက်တိုက်ဆိုင်ဆိုင် ...ကျတော့ ချစ်ချစ်လဲ ကျတော့ ကို ဒီလိုဆိုလိမ့်မယ်ထင်တယ်နော်..။ အခုတော့လဲ သူလဲနည်းနည်း နာကျည်းနေပီလားမသိဘူးဗျာ...
ပုလုကွေး
Post a Comment