10.4.09

နားလည်နိုင်ပါ့မလား


အချစ်စစ်ဆိုတာ ပိုင်ဆိုင်ဖို့ မလိုဘူးတဲ့
ငယ်တုန်းအချိန်က မဖြစ်နိုင်တာတွေလို့ ထင်ခဲ့ပေမယ့်
လက်တွေ့ဆိုတဲ့ ဆရာက သင်ခဲ့ပြီလေ..

အခုတော့လဲ ဘယ်လိုမှ ဆုံဆည်းနိုင်တော့မှာ မဟုတ်ပေမယ့်
သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ရှိနေပေးချင်တုန်းပဲ
အဲ့ဒီလောက်ဆိုရင် ကျေနပ်ပါတယ်
နောက်ထပ် ဘာမှလဲ မလိုပါဘူး.. တောင်းဆိုဖို့လဲ စိတ်မကူးမိပါဘူး..

ကိုယ့်ကိစ္စရှိလာရင်လဲ အရင်ကလို ပြောပြချင်ပေမယ့် ပြောမထွက်တော့ဘူး
'သူငယ်ချင်း'ဆိုတာ 'ချစ်သ'ူမှ မဟုတ်ပဲနော်
ပြီးတော့..
တစ်ယောက်တည်းလဲ နေသားကျနေပြီပဲ...

ဒါပေမယ့်လေ
တခါတလေတော့လဲ..

အားကုန်ခန်းပြီး စိတ်တွေ သိပ်ပင်ပန်းတဲ့အခါ....
လူတွေရဲ့ အပြုအမူတွေကို ဒေါသထွက်မိတဲ့အခါ....
မျိုသိပ်ထားရတဲ့ ဝေဒနာတွေ ထွက်ပေါက်လိုတဲ့အခါ....
ရင်ထဲက အဖြစ်တွေကို လူတစ်ယောက်မှ ထုတ်မပြောချင်တဲ့အခါ....

လက်ပိုက်ကြည့်နေရတဲ့ အခြေအနေတို့ကို အားမရတဲ့အခါ....
မကြားချင်တဲ့ သတင်းဆိုးတွေ ရောက်လာတဲ့အခါ....
နံရံလေးဘက်ထဲမှာ ချောင်ပိတ်မိပြီး ပြေးပေါက်ရှာမတွေ့တဲ့အခါ....
ဟန်ဆောင်အပြုံးတွေကို ငြီးငွေ့လို့ ဘယ်သူနဲ့မှ ရင်မဆိုင်ချင်တော့တဲ့အခါ....

အဲ့ဒီ အချိန်အခါမျိုးတွေမှာ ....
ဒီနေ့လို နေ့မျိုးတွေမှာ....
ချစ်သူ့ ရင်ခွင်ထဲ တိုးဝင်ရင်း အားရပါးရ ရှိုက်ငိုချင်မိတယ်...

ခဏလေး..
ခဏလေးရယ်ပါ.....

ချစ်သူ
နားလည်နိုင်ပါ့မလား?

6 comments:

အိုက်ခီလောက် said...

အဲ့ဒီ အချိန်အခါမျိုးတွေမှာ ....
ဒီနေ့လို နေ့မျိုးတွေမှာ....
ချစ်သူ့ ရင်ခွင်ထဲ တိုးဝင်ရင်း အားရပါးရ ရှိုက်ငိုချင်မိတယ်...

ခဏလေး..
ခဏလေးရယ်ပါ.....
မကြီးရေ ကြိုက်တယ် ဒီစာသားလေးကို ခံစားပြီးရေးထားတာဆိုတော့ တစ်ကယ်ပါပဲ ခဏလေးပဲ နော်

mgnge said...

ဟေး မမ
တစ်ယောက်တည်းနေတတ်အောင်ကြိုးစားနေပြီပေါ့
ကောင်းပါတယ်။။

တစ်ခါတစ်လေတော့လည်း ကိုချစ်တဲ့သူ အားကိုး ချင်ကြတာပေါ့။။

နှ စ်သစ်မှာ စိတ်သစ်လူသစ်နဲ့ပျော်နိုင်ပါစေ မမ ရေ...။

best regards;
mgnge

Sein Lyan Tun said...

အိုင်ခီ.. ညီလေးကြိုက်တဲ့စကားလုံးကိုပဲ ကျနော်လဲကြိုက်ပါတယ်
နားလည်မှုတွေရနိုင်ပါစေဗျာ..
ခံစားမှုဆိုတာ ကြာရင်ဟောင်းသွားမှပါ..
အသစ်တဖန်ပြန်လည်မွေးဖွားနိုင်ပါစေ
ခင်တဲ့
ဖိုးစိန်

yehtutnaung said...

အချစ်စစ်တွေနဲ့ အတူ အချစ်သစ်တွေကို ဆုံတွေ မွေးဖွားနိုင်ပါစေ....

တီချမ်း said...

အခုတော့လဲ ဘယ်လိုမှ ဆုံဆည်းနိုင်တော့မှာ မဟုတ်ပေမယ့်
သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ရှိနေပေးချင်တုန်းပဲ
အဲ့ဒီလောက်ဆိုရင် ကျေနပ်ပါတယ်
နောက်ထပ် ဘာမှလဲ မလိုပါဘူး.. တောင်းဆိုဖို့လဲ စိတ်မကူးမိပါဘူး..

ကိုယ့်ကိစ္စရှိလာရင်လဲ အရင်ကလို ပြောပြချင်ပေမယ့် ပြောမထွက်တော့ဘူး
'သူငယ်ချင်း'ဆိုတာ 'ချစ်သ'ူမှ မဟုတ်ပဲနော်
ပြီးတော့..
တစ်ယောက်တည်းလဲ နေသားကျနေပြီပဲ...

ခံစားချက်တွေတထပ်တည်းကျနေတယ်ကွယ်
လာ တူတူငိုကြမယ်

နှင်း said...

ငိုတော့လဲ ဘာထူးမှာလဲ တီချမ်းရယ်

သူကြင်မှ ကိုယ်ကြင်.
သူချစ်မှ ကိုယ်ချစ်ပေါ့.
ွဒါမှမဟုတ် မေ့လိုက်တော့ပေါ့.

အေးအတူပူအမျှ မနေချင်တဲ့သူကို
အအေးလဲ မကမ်းနဲ့.အပူလဲ မမျှနဲ့တော့ပေါ့..ကြယ်ဖြူစင်