14.4.09

အမှန်



သူကလည်းအမှန် ကိုယ်ကလည်း အမှန်
အမှန် ၂ ခုထိပ်တိုက်တွေ့လို့
မာနခြင်းပြိုင် ရင်ဆိုင်တဲ့ပွဲမှာ
နှစ်လရှည်ကြာ ရှိခဲ့ပါသည့်
သံယောဇဉ်........
မပြတ်ချင်လဲ ဖြတ်ခဲ့ရပြီ
အကြိမ်ပေါင်းများစွာ အရှုံးကြားမှာ
မနေနိုင်တော့လို့ ပေါက်ကွဲမိတဲ့ အတိုင်းအတာက
မိနစ်ပိုင်းလေးပါ......... ..
ပြတ်တောက်သွားတဲ့ သံယောဇဉ်ကြောင့်
ခံရမှာတော့ တစ်ဘ၀စာလောက်ရှိပါရဲ့..... .

5 comments:

တီချမ်း said...

ကြယ်ရေ
တီလဲ ကဗျာတပုဒ်ရေးထားတယ် ခုန က ခေါက်ဆွဲသွားစားရင်း ခေါင်းထဲရောက်လာ လို့ ဖုန်းနဲ့ ရီကောဒင်း လုပ်ပြီးရေးလိုက်တယ် မိုက်တယ်နော် ငါကွ
ဒါပေယမ့် ကြယ်ရယ် မတင်ဖြစ်တော့ဘူးထင်ပါတယ်
ဖတ်ချင်ရင် လာတောင်းဖတ်
ခုတလော ကြယ့်ဆီနေ့တိုင်းရောက်တယ်
ရန်ခုန်သံချင်းတူတယ်ထင်လို့

yehtutnaung said...

တခါတလေကျတော့လဲ သေးငယ်တဲ့ ဘာမဟုတ်တဲ့ စကားလေးတခွန်းဟာ အက်ကြောင်းကြီး ဖြစ်အောင် ဖန်တီးနိုင်တယ်။ ပြန်စဉ်းစားရင် ၀မ်းနည်းတယ်။ အဆင်ပြေပါစေဗျာ။

bobo said...

What is there to doubt when one has experienced the truth? If one hits oneself with a hammer, one feels pain and cannot doubt it. The consciousness arising at that time removes all doubt.Hoping both of u rapidly to get that cognizance.......

မေတ္တာရောင်ပြန် said...

မမကြယ် ...ဒီလိုပါပဲ မတူညီတဲ့ အတွေးတွေကြားမှာ နားမလည်တဲ့သူတွေ ကတော့ ဥပက္ခာပြုရက်ကြတာပေါ့။ တကယ်ခံစားတတ်တဲ့ သူတွေမှာတော့ ရင်နဲ့မမျှအောင်ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် မမကြယ်ရဲ့ ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျနိုင်ပါစေလို့....

ညီမလေး
မေတ္တာရောင်ပြန်

mgnge said...

ရင်ထဲက လာတာလေး တွေက တစ်နေ့ ထက်တစ်နေ့  အလွမ်းတွေ ခံစားချက်တွေ ချည်း ပဲ...။
တစ်ခါတစ်လေတော့ ပေါ့ပေါ့ ပါးပါးလေး နေ ပါ မမ ရာ...။

ကျန်းမာရေးလည်းဂရုစိုက်ဦးနော်.. မမ။။

သင့်ရဲ့မောင်လေး
မောင်ငယ်