28.4.09

အချစ်



တီတီတီ….
ဟယ်လို….
သက်ထား…. ငါ့နင်ကိုချစ်တယ်….
ငါမှနင့်ကိုမချစ်တာမိုးဝေ…..ငါ့မှာငါအရမ်းချစ်ရတဲ့ချစ်သူရှိတယ်….
နင်သိရဲ့သားနဲ့…

အေးလေ….နင်ပြောတော့..သူကနင့်တစ်ယောက်ထဲ
ချစ်တာမဟုတ်ဘူးဆို….
နင့်အပြင်ကောင်မလေးတစ်ယောက်ရှိသေးတယ်ဆို..
အဲဒီအတွက်နင်ခံစားနေရတယ်ဆို…

အေးလေ…အဲဒီအတွက်ခံစားနေရတယ်ဘဲပြောတာလေ…
သူ့ကိုမချစ်ဘူးပြောတာမှမဟုတ်တာ…

သက်ထားငါ့နင့်ကိုလက်ထပ်ချင်တယ်ဟာ…နင်နဲ့ဘဝတစ်ခုတည်ဆောက်ချင်တယ်…
.ငါကနင်တစ်ယောက်ထဲကိုဘဲစွဲစွဲမြဲမြဲချစ်ခဲ့တာ..အခုမှချစ်တာလဲမဟုတ်ဘူး
နင်သိသားနဲ့..ငါ့ရဲ့အချစ်နဲ့နင်စိတ်ချမ်းသာစေရမယ်ဟာ….

နင့်ကိုမချစ်တဲ့မိန်းမတစ်ယောက်ကိုနင်လက်ထပ်ရဲတယ်ဟုတ်လား…
တစ်ခြားတစ်ယောက်ကိုချစ်နေပါတယ်ဆိုတဲ့မိန်းမတစ်ယောက်ကိုနင်
ဘယ်လိုသတ္တိမျိုးနဲ့လက်ထပ်ရဲတာလဲ…

မဟုတ်ဘူးလေဟာ…ဘယ်သူမဆိုတော့ကိုချစ်,သူချစ်ကိုတော့လက်ထပ်ချင်တာဘဲပေါ့…
ကံပေါ်မှာလည်းမူတည်သေးတယ်ဟ…ငါကံကနင့်ကိုချစ်မိတော့..မပြောတတ်ဘူးဟာ..
ငါချစ်တဲ့သူနဲလက်ထပ်ချင်တယ်ဟာ…နင်ငါ့ကိုမချစ်နိုင်လဲ…ငါကချစ်တဲ့သူကိုရတယ်ဟာ…
နင်ငါ့ကိုဘယ်လောက်မချစ်ဘူးပြောပြော…ငါနင့်ကိုအရမ်းချစ်တဲ့အတွက်…
ကြာလာတော့လည်းသံယောဇဉ်ဖြစ်လာမှာဘဲလေ…အချိန်တော့စောင့်ရမှာပေါ့…
နင်ငါ့ကိုသံယောဇဉ်ရှိတယ်ဆိုရုံလောက်နဲ့ငါရောင့်ရဲတင်းတိမ်နိုင်ပါတယ်ဟာ.
.နင့်ကိုင့ါအချစ်တွေနဲ့စောင့်ရှောက်နိုင်ခွင့်ရရင် ငါကျေနပ်နိုင်ပါတယ်ဟာ…
ငါ့ကိုလက်ထပ်ခွင့်ပြုပါ…..
ဟိုးအရင်တုန်းကလည်းငါပြောတာကိုဘယ်တော့မှမယုံဘူး…
ငါ့ကိုလာမနောက်နဲ့ဘဲနင်ပြောတယ်…ငါကအတည်ပြောတာပါဆိုတော့လည်း….
လက်မခံဘူး…နင့်စိတ်ထဲမှာ…နောက်တာဘဲဖြစ်စေချင်တာလား…

နင်မှားနေပြီမိုးဝေ ငါတို့နှစ်ယောက်ကြားမှာအဓိကပြသာနာကယုံတာမယုံတာမဟုတ်ဘူးလေ
ငါနင့်ကိုမချစ်နိုင်တာလေ… နင့်ကိုယုံလို့ပြန်ချစ်မှာမှမဟုတ်တာမိုးဝေရာ…

အေးလေ..ဒါပေမဲ့…ယုံတော့ယုံပေးပါဟာ..မယုံတော့ငါပိုခံစားရတယ်ဟ….
ငါပြောတာကိုလက်ခံလား…

အေးလက်ခံတယ်…
ဟာမဟုတ်ဘူးလေဟာသက်ထား…..ငါ ပြောတာကငါနင့်ကိုလက်ထပ်ချင်တာကိုလက်ခံခိုင်းတာ…
ငါကြိုးစားမယ်..နင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင်…ချစ်ပြီးမှတော
့ပိုင်ဆိုင်ချင်တာသဘာဝလေဟာ….
နင်မချစ်လဲငါနင့်ကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားမယ်….

ဟင့်အင်းငါနင့်ကိုမချစ်ဘူး…နင်ငါ့ကိုချစ်တယ်ဆိုတာကိုတော့ငါယုံပေးလို့ရတယ်….
တော်ပြီဟာမိုးဝေ ဒါဘဲငါဖုန်းချတော့မယ်…

တီတီတီ…..

23 comments:

ကြယ်ဖြူစင် said...
This comment has been removed by the author.
mgnge said...

"အချစ်":

မမ ရေ
သူချစ်နဲ့ ကိုယ်ချစ် ကဘယ်ဟာ ပိုကောင်းလည်း ဟင်

သူချစ်ကိုယ်ချစ် ကကောင်းတယ်ဆိုပေမယ့် ... ကိုယ် ချစ်သလို သူမချစ်တော့ ဘယ်လို လုပ်မလဲ။

ဖိုးစိန် said...

ကျနော့်အဖြစ်နဲ့ ထပ်တူဖြစ်နေတယ်...
ကျနော်ကမိုးဝေဖြစ်နေသလားလို့ 
တကယ်တမ်းလဲ သံယောဇဉ်က အချစ်ထက်အဓိကကျပါတယ်
ချစ်ပီးရင်မုန်းလို့ နာကျည်းလို့ ရတယ်
ဒါပေမယ့်သံယောဇဉ်ဆိုတာကတော့
နာကျည်းလို့ ကိုမရမယ်စိတ်ခံစားမှု
မချစ်ဘူးလို့ ပြောနေပေမယ့်
သံယောဇဉ်နဲ့ ယှဉ်ရင် မေတ္တာသက်ဝင်လာမှာပါ
ကျနော်ယုံကြည်ပါတယ်
ကောင်မလေးကိုရော ကောင်လေးကိုပါစာနာနားလည်ပါတယ်

အန်တီချမ်း said...

အပေါ်ကကောင်ပြောတာ မယုံနဲ့
ကောင်းတာမဟုတ်ဘူး

တီတီတီ...................
သက်ထားရှိပါသလားချင်ဗျာ
ဟုတ်ကဲ့ပြောနေပါတယ်ရှင်
ဟဲ့ ငါသူရပါ
ဟယ်.......................သူရ
မတွေ့တာတောင်တော်တော်ကြာပြီနော်
နင်ဘာတွေလုပ်နေလဲ အခု
ငါ အိမ်ထောင်ကျသွားပြီဟ
..................
ဟင်.......................................
သက်ထား လက်ထဲမှဖုန်းခွက်ကလေးလွတ်ကျ
မျှော်လင့်ချင်းများပဲကြွေ
တောင်တွေပြိုလို့ မိုးတွေချူန်း
သူက သူမကိုချစ်တယ်
သူမက သူ့ကိုချစ်တယ်
သူက နောက်သူမတယောက် ကို အိမ်ထောင်ပြုတယ်
ဪ အချစ်ဆို တာ တြိဂံလား စတုဂံလား ပဉ္စဂံလား ဆဌဂံလား.............................???

ရှင်ရဲထွဋ် said...

ကြယ်.... မိုးဝေ ပြောတာ လက်တွေ့ ဆန်တယ်။

မိုးဝေ said...
This comment has been removed by a blog administrator.
အိုက်ခီလောက် said...

အင်းအနော့တော့ အကိုဖိုးစိန်လိုပဲ
ဒါပေမယ့်တီချမ်းလို လည်းဖြစ်သွားရင်ကောင်းမယ်
ကျန်တာတော့မပြောတတ်တော့ဘူးဗျ
သားကငယ်သေးတာကိုးနော့်
မကြီးကြယ်လို့ ဘယ်သိသေးမလည်းလို့ 

mgnge said...

ထပ်ရောက်တယ်မမရာ

ကိုမိုးဝေ ကြီးဘက် က မောင်လေးရှိတယ်..။
သူ့ ကိုယောက်ဖကြီးလို့ သွားခေါ်တော့မယ်...။

Welcome said...

(ဖုန်းခ ၁၅၀၀ သင့်ပါတယ်)

အချစ်က ပုံစံအမျိုးမျိုးနဲ့ ဖြစ်တည်နိုင်ပါတယ်။
လိုတာမရ၊ ရတာမလို ခြင်းက သုခတစ်မျိုးပါ။
အရာရာအဆင်ပြေနေရင် ငြီးငွေ့စရာပဲလေ။
အဖုအထစ်လေးနဲ့မှ သံယောဇဉ်ပိုစစ်ပါတယ်။

(စကားပြောလေးတွေ ကျား/မ အရောင်ခွဲပေးနိုင် ရင် ပိုကောင်းမလားပဲ၊ ပွားကြည့်တာပါ)

ခင်မင်လျက်
ဝင်းဇော်

မိုးဝေ said...
This comment has been removed by a blog administrator.
bobo said...

Hello Thet Hter... what a terrible mistake u did! unless u love Moewai, u should not give him any hope. why u told him dreadful manners of ur lover? are u really in love? if u do, don't show ur painful love to the one who proposed u.He will take them as vitamins although actually they are poisons.
If u are really in love , don't fool Moewai...

မေတ္တာရောင်ပြန် said...

ကြယ်ရေ ....... ဘ၀တူနှစ်ယောက်လာတွေ့ နေသလိုပဲနော်။ ဒီကဗျာလေးထဲက မိုးဝေကို ဂရုဏာသက်မိသလို ချစ်တဲ့သူအပေါ်မှာလည်း သစ္စာတည်ချင်တယ်။ ခွဲခြားမရနိုင်တဲ့ ချစ်ခြင်နဲ့ သံယောဇဉ်ဆိုတဲ့ ကြိုးနှစ်ချောင်းကို ဘယ်လိုရစ်ဖွဲ့ရမလဲ။


ခင်တဲ့
ရောင်

yehtutnaung said...

မိုးဝေ လို ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါဟာ ကိုယ့်အချစ်တခုတည်းနဲ့  သူတပါးရဲ့  ပျော်ရွှင်စိတ်ချမ်းသာမှု၊ လွတ်လပ်စွာ ရွေးချယ်မှုကို ဖုံးကွယ် လိုက်သလို ဖြစ်သွားတယ်ဆိုတာ မတွေးခဲ့မိပါဘူး။ ကိုယ်က ရယူပိုင်ဆိုင်လိုစိတ်တွေနဲ့  ကတိတွေပေးပြီး အခြေအနေအကြောင်းကြောင့် ပိုင်ဆိုင်ခွင့် ရခဲ့တယ်ဆိုရင်တောင် တယောက်နဲ့ တယောက် သဟဇတ မဖြစ်တော့တဲ့ အချိန်မှာ ဒါဟာ တဖက်သက် အပြစ်ဖို့ စရာ၊ စိတ်ဆင်းရဲစရာတွေ၊ မယုံကြည်မှုတွေ ဖြစ်လာနိုင်တယ်လို့  မြင်မိတယ်။ တကယ်တော့ လက်ထပ်တာဟာ ကံစမ်းတာ တခုပဲ။ လူတွေရဲ့  စိတ်သဘောက အမြဲ တည်ငြိမ် နေမယ်ဆိုတာ မှန်းရခက်ပါတယ်။ ခေတ်အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေတွေ ပြောင်းလဲမှုဟာ အမြဲ ကိုယ့်ကို ရိုက်ခေတ် နေမှာပဲ။ သူ့ တဦးတည်းကို ချစ်ခဲ့လို့  ပိုင်ဆိုင်ခဲ့လို့  ဘာလိုအခြေအနေပဲ ရောက်နေပါစေ သူ့ ကို မစွန့် လွှတ်ဘူး ဆိုရင် ကိုယ့်ကိုကိုယ် လှောင်ချိုင့်ထဲ ပိတ်လှောင်နေသလို ဖြစ်သွားမှာပဲ။ ထို့ အတူ သူ့ ကိုလဲ ကိုယ်နဲ့ အတူတူ ကြိုးတုတ်ထားသလို ဖြစ်သွားနိုင်ပါတယ်။ အနောက်နဲ့ အရှေ့  ကွာခြားချက်တခုက အဲဒါပဲလို ထင်ပါတယ်။ ဒါပေမယ့် အရှေ့ လဲ အခု အနောက် အိမ်ထောင်ရေးပုံစံကို တဖြည်းဖြည်းနဲ့  ပြောင်းလဲလာနေပြီလို့  ထင်ပါတယ်။ ကျွန်တော်တို့  မြန်မာတွေရဲ့  ထုံးစံဖြစ်တဲ့ တလင်တမယားစနစ်ဟာ တယောက်နဲ့ တယောက် ကြိုးတုတ်ထားတယ်လို့ ပဲ မြင်ပါတယ်။ ပြီးတော့ နိုင်ငံအခြေအနေကြောင့်လဲ မိန်းမထက် ယောက်ျားပေါ် မှီခိုမှု ပိုသွားတာလို့  ထင်တယ်။ ဟီ.. ရေးရင်းနဲ့  ဆိုင်တာ မဆိုင်တာတွေပါ ပါကုန်ပြီ။
ဘာပဲဖြစ်ဖြစ် ပွင့်လင်းတဲ့၊ နှစ်လမ်းသွား အချစ်တို့ နဲ့  ပြည့်စုံပါစေလို့  ဆုတောင်းပါတယ်ဗျာ။

Unknown said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.
Unknown said...

နင့်ကိုမချစ်တဲ့မိန်းမတစ်ယောက်ကိုနင်လက်ထပ်ရဲတယ်ဟုတ်လား…
တစ်ခြားတစ်ယောက်ကိုချစ်နေပါတယ်ဆိုတဲ့မိန်းမတစ်ယောက်ကိုနင်
ဘယ်လိုသတ္တိမျိုးနဲ့လက်ထပ်ရဲတာလဲ….....
Ok, if it is not true, should the boy marriage the girl who really love him but not from his side,or should live loney until he dies?When the girl face the satuation that cant be able to marriage with him (her lover) and should or not marriage with the boy like မိုးဝေ or should live lonely until she dies?Just Selfthinking par!":)

lynn htet aung said...

နင့်ကိုမချစ်တဲ့မိန်းမတစ်ယောက်ကိုနင်လက်ထပ်ရဲတယ်ဟုတ်လား…
တစ်ခြားတစ်ယောက်ကိုချစ်နေပါတယ်ဆိုတဲ့မိန်းမတစ်ယောက်ကိုနင်
ဘယ်လိုသတ္တိမျိုးနဲ့လက်ထပ်ရဲတာလဲ….
အကို ညီမရဲ့ ဘလော့ကိုဖတ်ပြီး..တွေးနေတာ...ဘာရယ်တော့
မဟုတ်ပါဘူး....အဲဒီစကားလုံးကိုတွေ့ပြီးစိတ်ထဲ
မှာတမျိုးလေးပဲ..

မိုးစက်အိမ် said...

မိန်းကလေး တစ်ယောက်က ကိုမချစ်နိုင်တဲ.လူတစ်
ယောက်ကို ဘယ်တော.မ မချစ်သလို ချစ်တဲ.လူကို
လဲ ဘယ်လောက်ပေးဆပ်ရပါစေ ချစ်နေတတ် တယ်
ဆိုတာ ခံစားမိပါတယ်ဗျာ...စာတစ်ပုဒ် ထက်ခံစား
ချက်တစ်ခု ကိုချရေးထားတယ်လို. ဘဲ ခံစားရ
ပါတယ်ခင်ဗျာ....

လင်းကြယ်ဖြူ said...

ကောင်းမှကောင်း

သူကြီးမင်း (တုံးဖလား) said...

ကြီးလျက်နဲ့သေး၊ နီးလျက်နဲ့ ဝေး။ အဲဒါ သုံးနှင့်လေး။

မောင် said...

မမကြယ်ေ၇..အဲဒါကတကယ့်အဖြစ်အပျက်လေး
လား?ဒါမှမဟုတ်..စိတ်ကူးယဉ်ဇာတ်လမ်းလေး
လား..မမကြယ်က.တကယ့်ကိုစိတ်ကူးကောင်း
တယ်ဗျာ...အဲဒါမျိုးတွေတကယ်ဖြစ့်လာခဲ့ရင်
မမကြယ်ေ၇ာ.ဘယ်လိုရင်ဆိုင်မလဲ?

မိုးခါး said...

တီ ရက်စက်ထားတယ် ကြည့်ဦး
မိန်းကလေးတွေအတွက်စကားရှိတယ်နော် မကြယ်
ကိုယ်ချစ်ကိုမရှာနဲ့ သူချစ်ကိုရှာတဲ့

သမီးပျို said...

ကိုနေညိုပြောတယ် လပ်ထပ်တာကံစမ်းတာတဲ့ သမီးပျို ကံစမ်းရင်ကောင်ူမလားလို့ အဟီး