30.4.09

ဘ၀မှန်


ကြယ်တစ်ပွင့်ကြွေတော့ကောင်းကင်မှာ
ဘာများဆုံးရှုံးသွားလို့လဲ
ဒါပေမယ့်ကြယ်ကလေးအတွက်တော့
တစ်ဘ၀လုံးပါပဲ။
ညဉ့်ငှက်တွေအော်တော့
နမိတ်မကောင်းဘူးတဲ့
ကိုယ်ကတော့ရယ်ချင်တယ်
ဘ၀ဆိုတာကိုက ကိုယ့်အတွက်
အိပ်မက်ဆိုးလေ.....
ဒီလိုပါပဲ
တခါတလေများပျောက်ဆုံးနေလိုက်တာ
ကိုယ့်ကိုကိုယ်တောင်ရှာမတွေ့တော့ဘူး။

11 comments:

မိုးစက်အိမ် said...

အမ ရေးတာ အရမ်းကောင်းတယ်...
skill တွေတကယ်တက်လာပြီ...
နောက်ဆို ဒီထက်တောင်ကောင်းလာအုံးမယ်...
အဓိပာယ် ထိအောင် ကိုချပြလာနိုင်ပြီဗျာ...
အားပေးနေတယ် အမ ရေ...

မိုးစက်အိမ် said...
This comment has been removed by the author.
အိုက်ခီလောက် said...

အာကြိုက်တယ် မလတ်ရေ ကြိုက်တယ်

တခါတလေများပျောက်ဆုံးနေလိုက်တာ
ကိုယ့်ကိုကိုယ်တောင်ရှာမတွေ့တော့ဘူး။

ဒါလေးပိုကြိုက်တယ်

ကယ်တစ်ပွင့်ကြွေတော့ကောင်းကင်မှာ
ဘာများဆုံးရှုံးသွားလို့လဲ
ဒါပေမယ့်ကြယ်ကလေးအတွက်တော့
တစ်ဘ၀လုံးပါပဲ။

ဒါလည်းခိုက်တာပဲ အဟိ
အကုန်ကြိုက်တယ်
မလတ်တို့ ကတော့လန်တယ်ဟေ့
ဦးအောင်လာပါတယ်ဆိုမှ စကမ်း တဲ့လေ အဲ့လေ သုံးယောက်မြောက်တဲ့လေ
ဟွန်းနောက်ခါမှပေါ့ တွေ့ မယ်

မြစ်ကျိုးအင်း said...

ကြယ်တစ်ပွင့်ကြွေတော့ကောင်းကင်မှာ
ဘာများဆုံးရှုံးသွားလို့လဲ
ဒါပေမယ့်ကြယ်ကလေးအတွက်တော့
တစ်ဘ၀လုံးပါပဲ။.....တော်တယ်ဗျာ
သတိမထားမိတဲ့ ရှုထောင့်ကရေးတဲ့ ကဗျာတိုင်း ကျွန်တော်နှစ်သက်တယ်..ဒီကဗျာလည်းပါတယ်..
ဒီ့ထက်ပိုပြီး အားစိုက်ထုတ်ရင် အရမ်းကောင်းမယ့် ကဗျာလေးတွေ ထပ် ဖန်တီးနိင်မယ်လို့ ယုံကြည်ပါတယ်
....ခင်မင်သောအားဖြင့်(မြစ်ကျိုးအင်း)

mgnge said...

ကဗျာကောင်းလေး ပါလား ဗျ

တကယ်ပြောတာာ...။
ကျန်းမာရေးလည်း ဂရုစိုက်ဦးမမရဲ့
အိပ်ရေးပျက်မခံနဲ့ 

သင့်ရဲ့မောင်လေး
မောင်ငရ်

yehtutnaung said...

အိပ်မက်ဆိုးတွေကို ညအမှောင်အောက်မှာ
ပစ်မထားခဲ့ပါနဲ့ 
ကြွေသွားတဲ့ ကြယ်လေးတပွင့်အတွက်
လမင်းကြီးနဲ့ အတူ
ပျောက်ဆုံးနေတဲ့ ညအလင်းတွေ
ဖြာဆင်းပါစေ။

လင်းကြယ်ဖြူ said...

တစ်ခါတစ်လေလည်းပျောက်ဆုံးနေလိုက်တာ
ကိုယ့်ကိုယ်တောင် ရှာမတ္ဂေ့တော့ဘူး...တဲ့နော်
ကောင်းတယ်ဟေ့..သူငယ်ချင်းရေ
အဲ့ဒီ့စာသားလေးက Heart ထိတယ်..မှတ်မိတယ်..
ရပ်ကြည့်မယ် ..နော်
လင်းကြယ်ဖြူ

Sein Lyan Tun said...

အမြဲတမ်းကောင်းကင်မှာတည်ရှိနိုင်တဲ့ဓူဝံကြယ်ဖြစ်ပါစေလို့ဆုတောင်းပေးမယ်လေ

တီချမ်း said...

ကြယ်ရယ် ကောင်းကင်မှာရှိနေပြီး မောင်ရင်ဆိုင်းထမ်းကြယ်လိုမပေါင်းရရင်ကော ပျော်မှာလား
ဘာပဲ ဖြစ်ဖြစ် မီတီယော အဖြစ်စုတေ လိုက်ရတာ က ကမှ တခါတခါ ပိုကောင်းပါသေးတယ်
ဘာပဲ ဖြစ်ဖြစ် ခဏတော့ လင်းချင်းခွင့် ရလိုက်သေးတယ်လေ
သေချာပါတယ် ကောင်းကင်ကြီးကလဲ သူ့ဘေးမှာ ကြယ်ပွင့်လေးတွေ ဘယ်လောက်ရှိရှိ
လွင့်ကြွေ တပွင့်ကြယ် ကိုလဲ သူလေ
သူလွမ်းနေမှာပါကွယ်

Anonymous said...

ညဉ့်ငှက်တွေအော်တော့
နမိတ်မကောင်းဘူးတဲ့.

ကောင်းလိုက်တာ ကြယ်ရယ်... ရောင်လည်း အဲလိုပဲ။ လမ်းပျောက်နေတယ်။

ခင်တဲ့
ရောင်

မိုးခါး said...

အရမ်းကြိုက်တယ် မကြယ်
ကောင်းကင်အတွက် ဘာမှ မနစ်နာပါဘူး
ပျော်ရွှင်ပါစေး)